×

စင်စစ်သော်ကား ငါအရှင်မြတ်သည် အသင့်အလျင် စေလွှတ်တော်မူခဲ့သော ရစူလ်တမန်တော် အပေါင်း တို့အနက်မှလည်း ဧကန်ပင်၊ (သူတို့၏လိုအပ်ချက်များကို ဖြည့်ဆည်းရန်) အစားအသောက် မှီဝဲစားသုံးကြ 25:20 Burmese translation

Quran infoBurmeseSurah Al-Furqan ⮕ (25:20) ayat 20 in Burmese

25:20 Surah Al-Furqan ayat 20 in Burmese (البورمية)

Quran with Burmese translation - Surah Al-Furqan ayat 20 - الفُرقَان - Page - Juz 18

﴿وَمَآ أَرۡسَلۡنَا قَبۡلَكَ مِنَ ٱلۡمُرۡسَلِينَ إِلَّآ إِنَّهُمۡ لَيَأۡكُلُونَ ٱلطَّعَامَ وَيَمۡشُونَ فِي ٱلۡأَسۡوَاقِۗ وَجَعَلۡنَا بَعۡضَكُمۡ لِبَعۡضٖ فِتۡنَةً أَتَصۡبِرُونَۗ وَكَانَ رَبُّكَ بَصِيرٗا ﴾
[الفُرقَان: 20]

စင်စစ်သော်ကား ငါအရှင်မြတ်သည် အသင့်အလျင် စေလွှတ်တော်မူခဲ့သော ရစူလ်တမန်တော် အပေါင်း တို့အနက်မှလည်း ဧကန်ပင်၊ (သူတို့၏လိုအပ်ချက်များကို ဖြည့်ဆည်းရန်) အစားအသောက် မှီဝဲစားသုံးကြ သည့်အပြင် ဈေးများတွင်လည်း လှည့်ပတ်သွားလာကြသူများမှအပ (မည်သည့်ရစူလ်တမန်တော်ကိုမျှ) စေလွှတ် တော်မမူခဲ့ချေ။ စင်စစ်မှာမူကား ငါအရှင်မြတ်သည် သင်တို့အနက် အချို့ကို အချို့အတွက် စမ်းသပ်မှုတစ်ရပ် (၏အကြောင်းခံ) အဖြစ် စီမံဖြစ်စေတော်မူ၏။ (သို့ဖြစ်ပေရာ) သင်တို့သည် (ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့်) သည်းခံခံ့ခိုင် ကြမည်လော။ စင်စစ်သော်ကား အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်စေတော်မူသော အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို ကောင်းစွာ ရှုမြင်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။

❮ Previous Next ❯

ترجمة: وما أرسلنا قبلك من المرسلين إلا إنهم ليأكلون الطعام ويمشون في الأسواق, باللغة البورمية

﴿وما أرسلنا قبلك من المرسلين إلا إنهم ليأكلون الطعام ويمشون في الأسواق﴾ [الفُرقَان: 20]

Ba Sein
၂ဝ။ အို--တမန်တော်၊ ငါသည် သင်၏အထက်အဆက်ဆက်သောတမန်တော်များကို စေလွှတ်တော်မူ၏၊ ထိုတမန် တော်တို့သည် မုချဧကန်အစားအစာသုံးဆောင်ကြ၏၊ စျေးဆိုင်ကမ်းနားများသို့လည်း လှည့်ပတ်သွားလာကြ၏၊ အို--လူသားအပေါင်းတို့၊ သင်တို့အနက် အချို့သောသူများကို အချို့သောသူများအတွက် စုံစမ်းဖို့ရာ စီရင်ထား တော်မူ၏၊ သင်တို့၌ သည်းခံခြင်းတရားရှိကြမည်လော၊ အကြောင်းမူကား အလ္လာဟ်အရှင်မြတ်သည် အမြဲ မြင်တော်မူသောအရှင်ဖြစ်တော်မူ၏။
Ghazi Mohammad Hashim
စင်စစ်သော်ကား ငါအရှင်မြတ်သည် အသင့်အလျင် စေလွှတ်တော်မူခဲ့သော ရစူလ်တမန်တော် အပေါင်းတို့သည်လည်း ဧကန်မလွဲ အစားအစာကို မှီဝဲစားသုံးကြလေ သည်။ ထို့ပြင် ၎င်းတို့သည် ဈေးများတွင်လည်း လှည့်ပတ်သွားလာကြလေသည်။ စင်စစ်မှာမူကား ငါအရှင်မြတ်သည် အသင်တို့အနက် တစ်ဦးကိုတစ်ဦး၏အဖို့ စမ်းသပ်မှုပင် ပြုလုပ်တော်မူခဲ့ပေသည်။ အသင်တို့သည် သည်းခံမှုတရားရှိကြမည်လော။ စင်စစ်သော်ကား အသင့်အား ဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို ကောင်းစွာ ရှုမြင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
Hashim Tin Myint
ထို့ပြင် ငါအရှင်မြတ်က အသင်၏မတိုင်မီ ‌စေလွှတ်‌တော်မူခဲ့‌သော တမန်‌တော်များသည်လည်း အမှန်စင်စစ် အစားအစာကို စားသုံးခဲ့ကြသည်ပင်ဖြစ်သည်။ ထို့ပြင် သူတို့သည် ‌ဈေးများတွင်လည်း သွားလာခဲ့ကြသည်ပင်ဖြစ်သည်။* ထို့ပြင် ငါအရှင်မြတ်သည် အသင်တို့ထဲမှ တစ်ဦးကိုတစ်ဦးအတွက် စမ်းသပ်မှု ပြုလုပ်‌တော်မူခဲ့သည်။ (သို့ဖြစ်ရာ) အသင်တို့သည်လည်း သည်းခံကြမည်‌လော။* ထိုု့ပြင် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်သည် အကြွင်းမဲ့မြင်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek