Quran with Burmese translation - Surah Al-Furqan ayat 39 - الفُرقَان - Page - Juz 19
﴿وَكُلّٗا ضَرَبۡنَا لَهُ ٱلۡأَمۡثَٰلَۖ وَكُلّٗا تَبَّرۡنَا تَتۡبِيرٗا ﴾
[الفُرقَان: 39]
﴿وكلا ضربنا له الأمثال وكلا تبرنا تتبيرا﴾ [الفُرقَان: 39]
Ba Sein ၃၉။ ငါအရှင်မြတ်သည် သူတို့တစ်မျိုးစီကို ဥပမာအမျိုးမျိုးဆောင်၍ သတိပေးတော်မူ၏၊ ထို့နောက်ငါသည် သူတို့ တစ်မျိုးစီကို အပျက်ကြီးပျက်စေတော်မူ၏။ |
Ghazi Mohammad Hashim စင်စစ် ငါအရှင်မြတ်သည် (ထိုထိုသော အမျိုးသားတို့အနက်) အသီးသီးတို့၏အကျိုးငှာ ဥပမာ ပုံဆောင်ချက်များကို ခိုင်းနှိုင်းတော်မူခဲ့၏။ (သို့ပါလျက် ၎င်းတို့သည် မဟုတ်မမှန်ဟူ၍ပင် ငြင်းပယ်ခဲ့ကြ၏၊) ထိုအခါ ငါအရှင်မြတ်သည် အသီးသီးတို့အား လုံးဝ ဖျက်ဆီးတော်မူခဲ့၏။ |
Hashim Tin Myint ထို့ပြင် ငါအရှင်မြတ်သည် သူတို့ကိုယ်စီအတွက် သာဓကများ ခိုင်းနှိုင်းပြတော်မူခဲ့သည်။ (ထို့နောက်လည်း သူတို့သည် မဟုတ်မမှန်ဟုပင် ငြင်းပယ်ခဲ့ကြသည်၊) ထို့နောက် ငါအရှင်မြတ်သည် (ထိုငြင်းပယ်)သူတိုင်းအား လုံးဝ ဖျက်ဆီးတော်မူခဲ့သည်။ |