×

အရှင်မြတ်က “(အို၊ မူဆာ၊ သူတို့သည် အသင့်အား အလျှင်း သတ်ဖြတ်နိုင်ကြမည် မဟုတ်ပေ)။ ထိုသို့ မဖြစ်နိုင်ပေ။ သို့ဖြစ်ပေရာ သင်တို့ 26:15 Burmese translation

Quran infoBurmeseSurah Ash-Shu‘ara’ ⮕ (26:15) ayat 15 in Burmese

26:15 Surah Ash-Shu‘ara’ ayat 15 in Burmese (البورمية)

Quran with Burmese translation - Surah Ash-Shu‘ara’ ayat 15 - الشعراء - Page - Juz 19

﴿قَالَ كـَلَّاۖ فَٱذۡهَبَا بِـَٔايَٰتِنَآۖ إِنَّا مَعَكُم مُّسۡتَمِعُونَ ﴾
[الشعراء: 15]

အရှင်မြတ်က “(အို၊ မူဆာ၊ သူတို့သည် အသင့်အား အလျှင်း သတ်ဖြတ်နိုင်ကြမည် မဟုတ်ပေ)။ ထိုသို့ မဖြစ်နိုင်ပေ။ သို့ဖြစ်ပေရာ သင်တို့ (ညီနောင်) နှစ်ဦးသည် ငါအရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များနှင့်တကွ (ဖါရိုမင်းထံ) သွားကြလော့။ ဧကန်ပင်၊ ငါအရှင်မြတ်သည် သင်တို့နှင့်အတူ (ရှိတော်မူပြီး သင်တို့ နှစ်ဦးနှစ်ဖက် ပြောဆိုကြသည်တို့ကို) နားထောင်လျက်ပင် ရှိတော်မူပေမည်။

❮ Previous Next ❯

ترجمة: قال كلا فاذهبا بآياتنا إنا معكم مستمعون, باللغة البورمية

﴿قال كلا فاذهبا بآياتنا إنا معكم مستمعون﴾ [الشعراء: 15]

Ba Sein
၁၅။ အလ္လာဟ်အရှင်မြတ်က ယင်းသို့မဖြစ်စေရ၊ ထို့ကြောင့်သင်တို့ညီနောင်သည် ငါ၏နိမိတ်လက္ခဏာအ့ံဖွယ်တော် များနှင့် သွားကြလော့၊ မှတ်သားကြလော့၊ ငါသည် နားထောင်လျက် သင်တို့နှင့်အတူတကွရှိတော်မူမည်။
Ghazi Mohammad Hashim
ထိုအရှင်မြတ်သည် (ဤသို့)မိန့်ကြားတော်မူခဲ့၏။ (အို-မူစာ၊ ၎င်းတို့သည် အသင့်အား) အလျှင်း (သတ်ဖြတ်နိုင်ကြမည်) မဟုတ်ပေ။ သို့ဖြစ်ပေရာ အသင်တို့ (ညီနောင်)နှစ်ဦးသည် ငါအရှင်မြတ်၏ အမိန့်တော်များနှင့်တကွ သွားကြလေကုန်။ ဧကန်မလွဲ ငါအရှင်မြတ်သည် အသင်တို့နှင့်အတူ(အသင်တို့နှစ်ဦးနှစ်ဖက် ပြောဆိုကြသည်တို့ကို)နားထောင်လျက်ပင် ရှိတော်မူပေမည်။
Hashim Tin Myint
အရှင်မြတ်က မိန့်ကြား‌တော်မူသည်- လုံးဝမဟုတ်‌ပေ။ သို့ဖြစ်ရာ အသင်တို့နှစ်ဦးသည် ငါအရှင်မြတ်၏ သက်‌သေသာဓကများနှင့်အတူ သွားကြပါ။ အမှန်စင်စစ် ငါအရှင်မြတ်သည် အသင်တို့နှင့်အတူ နား‌ထောင်လျက် ရှိ‌နေ‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek