Quran with Burmese translation - Surah An-Naml ayat 85 - النَّمل - Page - Juz 20
﴿وَوَقَعَ ٱلۡقَوۡلُ عَلَيۡهِم بِمَا ظَلَمُواْ فَهُمۡ لَا يَنطِقُونَ ﴾
[النَّمل: 85]
﴿ووقع القول عليهم بما ظلموا فهم لا ينطقون﴾ [النَّمل: 85]
Ba Sein ၈၅။ ထို့အပြင်သူတို့အပေါ်၌ ဗျာဒိတ်တော်ကို တည်စေတော်မူမည်၊ အကြောင်းမူကားသူတို့သည် ပြစ်မှုကျူးလွန်ခဲ့ခြင်း ကြောင့်တည်း၊ ထို့အပြင်သူတို့သည် ချေပလျှောက်လဲကြမည်မဟုတ်ချေ။ |
Ghazi Mohammad Hashim ၎င်းနောက် (ထိုအချိန်အခါတွင်) ၎င်းတို့၏ ကျူးလွန်ခဲ့ကြခြင်းကြောင့် ကတိချိန်းဆိုချက်သည် ၎င်းတို့အပေါ်၌ အတည်ဖြစ်ပြီးဖြစ်ပေရာ၊ ၎င်းတို့မှာ စကားပြောဆိုနိုင်ကြမည် မဟုတ်ပေ။ |
Hashim Tin Myint ထို့နောက် သူတို့၏ကျူးလွန်မှုများကြောင့် ကတိချိန်းဆိုချက်သည် သူတို့အပေါ်တွင် အတည်ဖြစ်ခဲ့သည့်အတွက် သူတို့သည် စကားပြောဆိုနိုင်ကြတော့မည် မဟုတ်ပေ။ |