Quran with Burmese translation - Surah Al-Qasas ayat 21 - القَصَص - Page - Juz 20
﴿فَخَرَجَ مِنۡهَا خَآئِفٗا يَتَرَقَّبُۖ قَالَ رَبِّ نَجِّنِي مِنَ ٱلۡقَوۡمِ ٱلظَّٰلِمِينَ ﴾
[القَصَص: 21]
﴿فخرج منها خائفا يترقب قال رب نجني من القوم الظالمين﴾ [القَصَص: 21]
Ba Sein ၂၁။ ထို့ကြောင့်မူစာသည် စိုးရိမ်ကြောင့်ကျပြီးလျှင် ကောင်းသောသတိဝိရိယနှင့် ထိုမြို့မှ ထွက်ပြေးလေ၏၊ သူက အို--အကျွနု်ပ်၏ အရှင်သခင်၊ အကျွနု်ပ်အား ဒုစရိုက်ပြစ်မှုကျူးလွန်သူတို့ထံမှ ကယ်တင်တော်မူပါဟု တင်လျှောက်၏။ |
Ghazi Mohammad Hashim ထိုအခါ ထိုမူစာသည် ထိုမြို့မှ ထွက်ခွာသွားခဲ့လေသည်။ ရန်သူများလိုက်လာမည်ကို စိုးရိမ်လျက် (အလ္လာဟ်အရှင်မြတ်၏အကူအညီကို) စောင့်မျှော်လျက်၊ အို-ကျွန်တော်မျိုး၏အရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုးအား မတရားသောသူတို့(၏ဘေးရန်ခပ်သိမ်းတို့)မှ ကယ်တော်မူပါဟုလျှောက်ထား ပန်ကြားခဲ့လေသည်။ |
Hashim Tin Myint ထို့နောက် ၎င်း(မူစာ)သည် ကြောက်ရွံ့စိုးရိမ်လျက်၊ အခြေအနေအကဲခတ် စောင့်ကြည့်လျက် ထိုမြို့မှ ထွက်ခွာသွားခဲ့သည်။ ၎င်းက ပြောဆိုလျှောက်ထားသည်- အို- ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် ကျွန်ုပ်အား မတရားသူများမှ လွတ်မြောက်စေတော်မူပါ။ |