Quran with Burmese translation - Surah Al-Qasas ayat 29 - القَصَص - Page - Juz 20
﴿۞ فَلَمَّا قَضَىٰ مُوسَى ٱلۡأَجَلَ وَسَارَ بِأَهۡلِهِۦٓ ءَانَسَ مِن جَانِبِ ٱلطُّورِ نَارٗاۖ قَالَ لِأَهۡلِهِ ٱمۡكُثُوٓاْ إِنِّيٓ ءَانَسۡتُ نَارٗا لَّعَلِّيٓ ءَاتِيكُم مِّنۡهَا بِخَبَرٍ أَوۡ جَذۡوَةٖ مِّنَ ٱلنَّارِ لَعَلَّكُمۡ تَصۡطَلُونَ ﴾
[القَصَص: 29]
﴿فلما قضى موسى الأجل وسار بأهله آنس من جانب الطور نارا قال﴾ [القَصَص: 29]
Ba Sein ၂၉။ ထို့နောက်မူစာသည် မိမိ၏ကတိအတိုင်း စာရင်းငှားအလုပ်ကို အချိန်ပြည့်အောင် လုပ်ကိုင်ဆောင်ရွက်ပြီး၍ မိမိသားမယားနှင့် ခရီးသွားနေသောအခါ သူသည် မနီးမဝေးတွင် မီးကို မြင်ရ၏၊ ထိုအခါသူ့အိမ်သူအိမ်သား တို့အား ဤသို့ပြော၏၊ သင်တို့သည် ဤအရပ်မှာ ဆိုင်းငံ၍နေဦးလော့၊ ငါသည် မနီးမဝေးတွင် တစ်ခုသောမီးကို မုချဧကန်မြင်ရ၏၊ ထိုနေရာမှ တစ်စုံတစ်ခုသောသတင်းကို ငါသည် သင်တို့ထံ ယူဆောင်ကောင်းယူဆောင်ခဲ့အ့ံ၊ သို့မဟုတ် သင်တို့မီးလှုံဖို့ရာ မီးစတစ်ခုကို ယူခဲ့အ့ံဟု ဆို၏။ |
Ghazi Mohammad Hashim ထို့နောက် မူစာသည် ကန့်သတ်၍ထားခဲ့သော ကာလအပိုင်းအခြားကို ပြီးမြောက်အောင် ဆောင်ရွက်ခဲ့ပြီး၊ မိမိအိမ်သူအိမ်သားတို့နှင့်အတူ (ခရီး)သွားခဲ့လေရာ၊မူစာသည် 'တွူရ်' မည်သော တောင်ရှိရာဘက်တွင် မီးရောင်တစ်ခုကို တွေ့မြင်ခဲ့လေသည်။ (ထိုအခါ) ထိုမူစာက မိမိအိမ်သူအိမ် သားတို့အား "အသင်တို့သည်(ဤနေရာ၌ပင်) စောင့်ဆိုင်း၍ နေရစ်ကြလေကုန်။ ဧကန်အမှန် ကျွန်ုပ် မီးရောင်တစ်ခုကို တွေ့မြင်ရလေပြီ။ ငါသည် ထိုမီးရှိရာမှ တစ်စုံတစ်ရာ သတင်းကိုသော်လည်းကောင်း၊ မီးစ(မီးခဲ)တစ်ခုခုကိုသော်လည်းကောင်း၊ အသင်တို့ မီးလှုံနိုင်ကြရန် ယူဆောင်၍လာနိုင်မည် ဖြစ်သည်"ဟု ပြေကြားလေ၏။ |
Hashim Tin Myint ထို့နောက် (တမန်တော်)မူစာသည် ကန့်သတ်ထားသောကာလ ပြီးမြောက်အောင်ပြုလုပ်ခဲ့ပြီး ၎င်း၏အိမ်သူအိမ်သားတို့နှင့်အတူ (ခရီး)သွားခဲ့သည့်အခါ ၎င်းသည် သွူရ်တောင်ဘက်တွင် မီးရောင်တစ်ခုကို တွေ့မြင်ခဲ့သည်။ ၎င်းက ၎င်း၏အိမ်သူအိမ်သားများကို ပြောသည်- အသင်တို့သည် စောင့်နေခဲ့ကြပါ။ အမှန်ပင် ကျွန်ုပ်သည် မီးရောင်တစ်ခုကို မြင်ရပြီဖြစ်သည်။ ကျွန်ုပ်သည် ထိုမီးရှိရာမှ သတင်းတစ်စုံတစ်ခု သို့မဟုတ် မီးစ တစ်စုံတစ်စုံကို အသင်တို့ အနွေးဓာတ်ရအောင် မီးလှုံနိုင်ကြရန် ယူဆောင်လာနိုင်မည်ဖြစ်သည်။ |