×

ထို့ပြင် ငါအရှင်မြတ်သည် (တမန်တော်မူဆာအား) အသံပေး၍ ဖိတ်ခေါ်တော်မူခဲ့စဉ် အသင် (တမန် တော်) သည် တွူရ်တောင်၏နံဘေး၌ ရှိခဲ့သည်လည်း မဟုတ်ပေ။ 28:46 Burmese translation

Quran infoBurmeseSurah Al-Qasas ⮕ (28:46) ayat 46 in Burmese

28:46 Surah Al-Qasas ayat 46 in Burmese (البورمية)

Quran with Burmese translation - Surah Al-Qasas ayat 46 - القَصَص - Page - Juz 20

﴿وَمَا كُنتَ بِجَانِبِ ٱلطُّورِ إِذۡ نَادَيۡنَا وَلَٰكِن رَّحۡمَةٗ مِّن رَّبِّكَ لِتُنذِرَ قَوۡمٗا مَّآ أَتَىٰهُم مِّن نَّذِيرٖ مِّن قَبۡلِكَ لَعَلَّهُمۡ يَتَذَكَّرُونَ ﴾
[القَصَص: 46]

ထို့ပြင် ငါအရှင်မြတ်သည် (တမန်တော်မူဆာအား) အသံပေး၍ ဖိတ်ခေါ်တော်မူခဲ့စဉ် အသင် (တမန် တော်) သည် တွူရ်တောင်၏နံဘေး၌ ရှိခဲ့သည်လည်း မဟုတ်ပေ။ သို့ရာတွင် အသင်သည် သင့်အလျင် မည်သည့် သတိပေးနှိုးဆော်သူမျှ ရောက်မလာသေးသောလူမျိုးအား သူတို့က သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟနိုင်ရန်အ လို့ငှာ အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၏ကရုဏာတော် (ကျမ်းတော်မြတ်ကုရ်အာန်) ဖြင့် သူတို့အား သတိပေးနှိုးဆော်ရန်အတွက်သာ (စေလွှတ်တော်မူခြင်း) ဖြစ်၏။

❮ Previous Next ❯

ترجمة: وما كنت بجانب الطور إذ نادينا ولكن رحمة من ربك لتنذر قوما, باللغة البورمية

﴿وما كنت بجانب الطور إذ نادينا ولكن رحمة من ربك لتنذر قوما﴾ [القَصَص: 46]

Ba Sein
၄၆။ ထို့အပြင်ငါခေါ်တော်မူသောအခါ သင်တမန်တော်သည် တူစီနာတောင်အပါးတွင် မရှိချေ၊ သို့သော်ဤအကြောင်း အရာများသည် သိရခြင်းမှာ သင်၏အရှင်သခင်၏ ကောင်းကြီးမင်္ဂလာတော်တစ်ပါးပင်ဖြစ်၏၊ ဤအကြောင်းအရာ များမှာ သင်ပွင့်မလာမီ တမန်တော်တစ်ဦးတစ်ယောက်ကိုမျှ မရသေးသောလူမျိုးအား သင်သည် သတိပေး တရားအမြိုက်ဆေးကို တိုက်ကျွေးဖို့ရာဖြစ်၏၊ သို့ဟောပြောသွန်သင်လျှင် သူတို့သည် တရားအလင်းရောင်ကို ရကောင်းရလိမ့်မည်။
Ghazi Mohammad Hashim
၎င်းပြင် ငါအရှင်မြတ်သည်(မူစာအား)ဟစ်ခေါ်တော်မူခဲ့စဉ်အခါတွင် အသင်သည် ‘တွူရ်’ တောင်၏နံဘေး၌ ရှိခဲ့သည်လည်းမဟုတ်ပေ။ သို့ရာ တွင် အသင်သည် မိမိအားဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ကရုဏာတော်ဖြင့် အကြင်အမျိုးသားတို့အား သတိပေးနှိုးဆော်အံ့သောငှာ(နဗီတမန်တော်အဖြစ် ချီးမြှင့်တော်မူခြင်းကို ခံခဲ့ရလေသည်)။ထို အမျိုးသားတို့ထံ အသင့်အလျင် သတိပေးနှိုးဆော်သူ တစ်ဦးမျှပင် ရောက်ရှိ၍လာခဲ့သည် မဟုတ်ပေ။ သို့မှသာလျှင် ၎င်းတို့သည် တရားရကြပေမည်။
Hashim Tin Myint
ထို့ပြင် ငါအရှင်မြတ်သည် (တမန်‌တော်မူစာကို) ဟစ်‌ခေါ်‌တော်မူခဲ့သည့်အခါတွင် အသင်သည် သွူရ်‌တောင်၏နံ‌ဘေးတွင် ရှိခဲ့သည်လည်းမဟုတ်‌ပေ။ သို့ရာတွင် အသင်သည် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၏ကရုဏာ‌တော်ဖြင့် အကြင်အမျိုးသားများအား တရားရကြ‌အောင် သတိ‌ပေးနှိုး‌ဆော်ရန်အတွက် (တမန်‌တော်အဖြစ် ချီးမြှင့်‌တော်မူခြင်းကို ခံခဲ့ရသည်)။ ထိုအမျိုးသားများထံသို့ အသင်၏မတိုင်မီ သတိ‌ပေးနှိုး‌ဆော်သူတစ်ဦးမျှ ‌ရောက်ရှိလာခဲ့သည် မရှိ‌ပေ။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek