×

သို့ရာတွင် (စစ်မှန်သောဉာဏ်) အသိပညာ ချီးမြှင့်ပေးအပ်တော်မူခြင်း ခံကြရသောသူတို့မူကား “သင်တို့ ဒုက္ခလှလှတွေ့ပါစေ။ သက်ဝင်ယုံကြည်ပြီး ဖြောင့်မတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများဖြင့် ကောင်း မြတ်သောအကျင့်သီလကို 28:80 Burmese translation

Quran infoBurmeseSurah Al-Qasas ⮕ (28:80) ayat 80 in Burmese

28:80 Surah Al-Qasas ayat 80 in Burmese (البورمية)

Quran with Burmese translation - Surah Al-Qasas ayat 80 - القَصَص - Page - Juz 20

﴿وَقَالَ ٱلَّذِينَ أُوتُواْ ٱلۡعِلۡمَ وَيۡلَكُمۡ ثَوَابُ ٱللَّهِ خَيۡرٞ لِّمَنۡ ءَامَنَ وَعَمِلَ صَٰلِحٗاۚ وَلَا يُلَقَّىٰهَآ إِلَّا ٱلصَّٰبِرُونَ ﴾
[القَصَص: 80]

သို့ရာတွင် (စစ်မှန်သောဉာဏ်) အသိပညာ ချီးမြှင့်ပေးအပ်တော်မူခြင်း ခံကြရသောသူတို့မူကား “သင်တို့ ဒုက္ခလှလှတွေ့ပါစေ။ သက်ဝင်ယုံကြည်ပြီး ဖြောင့်မတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများဖြင့် ကောင်း မြတ်သောအကျင့်သီလကို ကျင့်မူဆောက်တည်ကြသောသူတို့အတွက် အလ္လာဟ်အရှင်မြတ်ထံတော်မှ (ချီးမြှင့်ပေးအပ်တော်မူမည့်) အကျိုးဆုလဒ်သည် အကောင်းဆုံးပင် ဖြစ်ပြီး (အရှင့်လမ်းညွှန်တော်နှင့်အညီ ဘဝဆောက်တည်ရာတွင် ကြုံသမျှ ဒုက္ခအခက်အခဲများကို ဇွဲလုံ့လဝီရိယဖြင့်) ခန္တီသည်း ခံကြံ့ခိုင်မှုမြဲမြံသူတို့သာလျှင် ယင်းကို တွေ့ကြုံရရှိခံစားကြမည် ဖြစ်၏။” ဟု ပြောဆိုခဲ့ကြ၏။

❮ Previous Next ❯

ترجمة: وقال الذين أوتوا العلم ويلكم ثواب الله خير لمن آمن وعمل صالحا, باللغة البورمية

﴿وقال الذين أوتوا العلم ويلكم ثواب الله خير لمن آمن وعمل صالحا﴾ [القَصَص: 80]

Ba Sein
၈ဝ။ သို့သော်ပညာဉာာဏ်ရှိသူတို့က ဟယ်-အချင်းတို့၊ သင်တို့သည် ပျက်စီးခြင်းဒုက္ခသို့ ဆိုက်ရောက်ရာသာတည်း၊ ယုံကြည်လျက် ကုသိုလ်ကောင်းမှုအားထုတ်သူအား အလ္လာဟ်အရှင်မြတ်ပေးသနားတော်မူသည့်ဆုတော်သည် ၎င်းဥစ္စာရတနာတို့ထက် မြင့်မြတ်၏၊ ထိုအကျိုးသုခကို ခန္တီပါရမီနှင့် သမာဓိခိုင်မြဲခြင်း၊ ဂုဏ်ရှိသူသာလျှင် ခံစားရမည်ဆိုကြ၏။
Ghazi Mohammad Hashim
သို့ရာတွင် အသိပညာကို ချီးမြှင့်ပေးသနားတော်မူခြင်း ခံကြရသောသူတို့ကမူကား ‘အသင်တို့၌ (အကျိုးနည်းပါစေ၊) ‘အီမာန်’ သက်ဝင် ယုံကြည်ပြီး ကောင်းမြတ်သောအကျင့်သီလကို ကျင့်မူဆောက်တည်ကြကုန်သောသူတို့အဖို့ အလ္လာဟ်အရှင်မြတ် အထံတော်မှ(ချီးမြှင့်ပေးသနားတော်မူအံ့သော)အကျိုး ‘ဆဝါဗ်’ သည် အကောင်းဆုံးပင် ဖြစ်ပေသည်။သို့ရာတွင် ယင်းအကျိုး ‘ဆဝါဗ်’ကို သည်းခံတရား ထားရှိသောသူတို့သည်သာလျှင် ရရှိကြပေသည်’ဟု ပြောဆိုခဲ့ကြကုန်သတည်း။
Hashim Tin Myint
ထို့ပြင် အသိပညာကို ‌ပေးသနား‌တော်မူခြင်းခံကြရသည့်သူများကမူ (ဤသို့)‌ပြောဆိုခဲ့ကြသည်- အသင်တို့ ပျက်စီးပါ‌စေ၊ အီမာန်ယုံကြည်ပြီး ‌ကောင်းမြတ်‌သောလုပ်ရပ်ကို ပြုလုပ်ကြသည့်သူများအတွက် အလ္လာဟ်အရှင်မြတ်ထံ‌တော်မှ (‌ပေးသနား‌တော်မူမည့်) အကျိုးကုသိုလ်သည် အ‌ကောင်းဆုံးဖြစ်သည်။ ထို့ပြင် ထိုအကျိုးကုသိုလ်ကို သည်းခံသူများမှလွဲ၍ (မည်သူမျှ)ရမည် မဟုတ်‌ပေ။“
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek