Quran with Burmese translation - Surah Al-Qasas ayat 82 - القَصَص - Page - Juz 20
﴿وَأَصۡبَحَ ٱلَّذِينَ تَمَنَّوۡاْ مَكَانَهُۥ بِٱلۡأَمۡسِ يَقُولُونَ وَيۡكَأَنَّ ٱللَّهَ يَبۡسُطُ ٱلرِّزۡقَ لِمَن يَشَآءُ مِنۡ عِبَادِهِۦ وَيَقۡدِرُۖ لَوۡلَآ أَن مَّنَّ ٱللَّهُ عَلَيۡنَا لَخَسَفَ بِنَاۖ وَيۡكَأَنَّهُۥ لَا يُفۡلِحُ ٱلۡكَٰفِرُونَ ﴾
[القَصَص: 82]
﴿وأصبح الذين تمنوا مكانه بالأمس يقولون ويكأن الله يبسط الرزق لمن يشاء﴾ [القَصَص: 82]
Ba Sein ၈၂။ ယမန်နေ့က သူ၏ချမ်းသာစည်းစိမ်ကို မက်မောသူတို့သည် နံနက်တွင် ဤသို့ဆိုကြကုန်၏၊ အမှန်ကိိုဆိုသော် အလ္လာဟ်အရှင်မြတ်သည် မိမိကျေးတော်မျိုးကျွန်တော်မျုုိးတို့အနက် အလိုတော်ရှိသူအား ရိက္ခာအစားအစာ ပေါများစေတော်မူ၏၊ အလိုတော်ရှိသူအား ရိက္ခာကျဉ်းမြောင်းစေတော်မူ၏၊ အကယ်၍အလ္လာဟ်အရှင်မြတ်သည် အကျွနု်ပ်တို့အား ကရုဏာပြတော်မမူပါလျှင် အရှင်မြတ်သည် အကျွနု်ပ်တို့ကိုလည်း မြေမျိုစေတော်မူမည်၊ အကယ်စင်စစ်မိစ္ဆာဒိဋ္ဌိများသည် မည်သည့်အခါမျှတိုးတက်ကြီးပွားမည်မဟုတ်ချေ။ |
Ghazi Mohammad Hashim ထိုမှတစ်ပါး ယမန်နေ့က ၎င်းကဲ့သို့ဖြစ်ရန် တပ်မက်တောင့်တခဲ့ကြသော သူတို့က ‘ဪ-အံ့ပါဘိ။ အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား စားနပ်ရိက္ခာကို ကျယ်ပြန့်စွာ ချီးမြှင့်ပေးသနားတော်မူ၍ (မိမိအလိုမရှိတော်မူသောသူအား) ကျပ်တည်းစေတော်မူပါသည်။ အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့အပေါ်၌ ကျေးဇူးပြုတော်မမူခဲ့ပါလျှင် ကျွန်ုပ်တို့အားလည်း မြေမျိုစေတော်မူခဲ့မည်သာဖြစ်ပေသည်။ ဪ-အကျိုးနည်းလေခြင်း၊ ‘ကာဖိရ်’ သွေဖည်ငြင်းပယ်သောသူတို့မှာ အောင်မြင်ကြသည် မဟုတ်ပေတကား’ဟု ပြောဆိုကြကုန်သတည်း။ |
Hashim Tin Myint ထို့ပြင် မနေ့က သူကဲ့သို့ဖြစ်ရန် တောင့်တခဲ့ကြသည့်သူများက (ယခု ဤသို့)ပြောဆိုကြတော့သည်- “အို- ဆုံးရှုံးရလေခြင်း၊ အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်၏ကျွန်များထဲမှ အရှင်မြတ်အလိုရှိသည့်သူကို စားနပ်ရိက္ခာ ကျယ်ဝန်းစွာ ပေးသနားတော်မူပြီး (အရှင်မြတ်အလိုရှိသည့်သူကို) ကျပ်တည်းစေတော်မူသည်။ အကယ်၍ အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့အပေါ်တွင် ကျေးဇူးပြုတော်မမူခဲ့လျှင် ကျွန်ုပ်တို့အားလည်း အမှန်ပင် မြေမျိုစေတော်မူခဲ့မည်ဖြစ်သည်။ အသင်တို့ မသိမမြင်ကြလေသလော၊ ကျေးဇူးကန်းသည့်သူများသည် မည်သည့်အခါမှ မအောင်မြင်ကြပေ။“ |