Quran with Burmese translation - Surah Al-‘Ankabut ayat 27 - العَنكبُوت - Page - Juz 20
﴿وَوَهَبۡنَا لَهُۥٓ إِسۡحَٰقَ وَيَعۡقُوبَ وَجَعَلۡنَا فِي ذُرِّيَّتِهِ ٱلنُّبُوَّةَ وَٱلۡكِتَٰبَ وَءَاتَيۡنَٰهُ أَجۡرَهُۥ فِي ٱلدُّنۡيَاۖ وَإِنَّهُۥ فِي ٱلۡأٓخِرَةِ لَمِنَ ٱلصَّٰلِحِينَ ﴾
[العَنكبُوت: 27]
﴿ووهبنا له إسحاق ويعقوب وجعلنا في ذريته النبوة والكتاب وآتيناه أجره في﴾ [العَنكبُوت: 27]
Ba Sein ၂၇။ ထို့အပြင်ငါအရှင်မြတ်သည် အေဗရာဟမ်အား အစ်စဟတ်(က်)နှင့် ယာကူး(ဗ်)ကို ပေးသနားတော်မူ၏၊ ထို့အပြင် သူမှ ဆင်းသက်ပေါက်ပွားသောသားမြေးတို့အထဲတွင် တမန်တော်ရာထူးနှင့် ကျမ်းတော်မြတ်ကို တည်ထားတော် မူ၏၊ ထို့အပြင်ငါသည် တမန်တော်အေဗရာဟမ်အား ဤလောကတွင် သူ၏ဆုကို ပေးတော်မူ၏၊ မှတ်သား ကြလော့၊ နောင်တမလွန်ဘဝ၌ သူသည် သူတော်သူမြတ်တို့ဘောင်တွင် အမှန်ပင်ပါဝင်၏။ |
Ghazi Mohammad Hashim ထို့ပြင် ငါအရှင်မြတ်သည် ထိုအိဗ်ရာဟီမ်အား ‘အစ်ဟာက်’ ကိုလည်းကောင်း၊ ‘ဟအ်ကူဗ်’ကို လည်းကောင်း၊ ချီးမြှင့်ပေးသနားတော်မူခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည် နဗီတမန်တော်ဖြစ်ခြင်းကိုလည်းကောင်း၊ ကျမ်းဂန်ကိုလည်းကောင်း၊ ထိုအိဗ်ရာဟီမ် ၏သားမြေးတို့၌တည်စေတော်မူခဲ့၏။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထိုအိဗ်ရာဟီမ်အား ၎င်း၏အကျိုးကို ဤပစ္စက္ခဘဝတွင် (လည်း)ချီးမြှင့်ပေးသနားတော်မူခဲ့၏။ ထိုမှတစ်ပါး တမလွန်ဘဝ၌လည်း ထိုအိဗ်ရာဟီမ်သည် သူမွန်သူမြတ်တို့အနက်မှပင် ဖြစ်ပေအံ့သတည်း။ |
Hashim Tin Myint ထို့ပြင် ငါအရှင်မြတ်သည် ၎င်းအား(သားတော်)အစ္စဟာက်နှင့် (မြေးတော်)ယအ်ကူဗ်ကို ပေးသနားတော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် တမန်တော်ဖြစ်ခြင်းနှင့် ကျမ်းဂန်ကို ၎င်း၏သားမြေးများထဲတွင် တည်တံ့စေတော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် ၎င်း(တမန်တော်အိဗ်ရာဟီမ်)အား ၎င်း၏အကျိုးကို ဤဘဝတွင်လည်းပေးသနားတော်မူခဲ့သည်။ ထို့ပြင် အမှန်ပင် ၎င်းသည် တမလွန်ဘဝတွင်လည်း ကောင်းမြတ်သည့်သူများထဲမှ ဖြစ်လိမ့်မည်။ |