×

(ထိုနည်းတူစွာ အရှင်မြတ်သည် လူးသ်ကိုလည်း နဗီတမန်တော်အဖြစ် စေလွှတ်တော်မူခဲ့ရာ တမန်တော်) လူးသ်က သူ့လူမျိုးတို့အား “ဧကန်စင်စစ်၊ သင်တို့သည် ကမ္ဘာသူကမ္ဘာသားလောကခပ်သိမ်းအနက် သင်တို့အလျင် 29:28 Burmese translation

Quran infoBurmeseSurah Al-‘Ankabut ⮕ (29:28) ayat 28 in Burmese

29:28 Surah Al-‘Ankabut ayat 28 in Burmese (البورمية)

Quran with Burmese translation - Surah Al-‘Ankabut ayat 28 - العَنكبُوت - Page - Juz 20

﴿وَلُوطًا إِذۡ قَالَ لِقَوۡمِهِۦٓ إِنَّكُمۡ لَتَأۡتُونَ ٱلۡفَٰحِشَةَ مَا سَبَقَكُم بِهَا مِنۡ أَحَدٖ مِّنَ ٱلۡعَٰلَمِينَ ﴾
[العَنكبُوت: 28]

(ထိုနည်းတူစွာ အရှင်မြတ်သည် လူးသ်ကိုလည်း နဗီတမန်တော်အဖြစ် စေလွှတ်တော်မူခဲ့ရာ တမန်တော်) လူးသ်က သူ့လူမျိုးတို့အား “ဧကန်စင်စစ်၊ သင်တို့သည် ကမ္ဘာသူကမ္ဘာသားလောကခပ်သိမ်းအနက် သင်တို့အလျင် မည်သူတစ်ဦးတစ်ယောက်မျှပင် ကျူးလွန်ခဲ့ခြင်းမရှိသော အလွန်ဆိုးယုတ်သော မကြားဝံ့မနာသာသည့် မဖွယ်မရာမှုကို ကျူးလွန်နေကြ၏။” ဟု ဟောပြောခဲ့၏။

❮ Previous Next ❯

ترجمة: ولوطا إذ قال لقومه إنكم لتأتون الفاحشة ما سبقكم بها من أحد, باللغة البورمية

﴿ولوطا إذ قال لقومه إنكم لتأتون الفاحشة ما سبقكم بها من أحد﴾ [العَنكبُوت: 28]

Ba Sein
၂၈။ တဖန်တမန်တော်လွဒ်၊ မှတ်သားကြလော့၊ သူသည် မိမိအမျိုးသားတို့အား မှတ်သားကြလော့၊ သင်တို့အလျင် လာသောလူဟောင်းတို့မပြုကျင့်ခဲ့သောကာမရာဂညစ်ညမ်းမှုကို သင်တို့သည် ပြုကြ၏။
Ghazi Mohammad Hashim
ထိုနည်းတူစွာ(ငါအရှင်မြတ်သည်)’လူ(တ်)’အား (လည်း နဗီတမန်တော်အဖြစ် စေလွှတ်တော်မူခဲ့၏။) တစ်ရံရောအခါဝယ် ထို ‘လူ(တ်)’ က မိမိအမျိုးသားတို့အား (ဤသို့)ပြောကြားခဲ့လေ၏။ ဧကန်စင်စစ် အသင်တို့သည် ကမ္ဘာသူကမ္ဘာသားခပ်သိမ်းအနက် မည်သူတစ်ဦးတစ်ယောက်မျှပင် အသင်တို့အလျင် ကျူးလွန်ခဲ့ခြင်းမရှိသော အလွန့်အလွန် ဆိုးယုတ်လှစွာသောအမှုကို ကျူးလွန်ကြကုန်၏။
Hashim Tin Myint
ထို့ပြင် (တမန်‌တော်)လူသွ်ကို(လည်း ‌စေလွှတ်‌တော်မူခဲ့သည်)။ တစ်ခါက ၎င်း(တမန်‌တော်လူသွ်)သည် မိမိ၏အမျိုးသားများကို (ဤသို့)‌ပြောကြားခဲ့သည်- အမှန်စင်စစ် အသင်တို့သည် စကြဝဠာအားလုံးထဲတွင် အသင်တို့မတိုင်မီ မည်သူမျှ ကျူးလွန်ခဲ့ခြင်းမရှိ‌သော အလွန် စက်ဆုပ်ရွံရှာဖွယ်ရာအမှုကို ကျူးလွန်ကြခြင်းဖြစ်သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek