×

ငါအရှင်မြတ်၏သတင်းဆောင်၊ စေတမန်များသည် (တမန်တော်) လူးသ်ထံသို့ရောက်ရှိလာသောအခါ သူသည် သူတို့နှင့်ပတ်သက်၍ ရတက်မအေးဖြစ်လျက် ဖိစီးမှုဒဏ်ခံရပြီး (သူ့လူမျိုးတို့က သတင်းဆောင်များအား ဒုက္ခပေးနိုင်ကြောင်း၊ သူတို့ကို 29:33 Burmese translation

Quran infoBurmeseSurah Al-‘Ankabut ⮕ (29:33) ayat 33 in Burmese

29:33 Surah Al-‘Ankabut ayat 33 in Burmese (البورمية)

Quran with Burmese translation - Surah Al-‘Ankabut ayat 33 - العَنكبُوت - Page - Juz 20

﴿وَلَمَّآ أَن جَآءَتۡ رُسُلُنَا لُوطٗا سِيٓءَ بِهِمۡ وَضَاقَ بِهِمۡ ذَرۡعٗاۖ وَقَالُواْ لَا تَخَفۡ وَلَا تَحۡزَنۡ إِنَّا مُنَجُّوكَ وَأَهۡلَكَ إِلَّا ٱمۡرَأَتَكَ كَانَتۡ مِنَ ٱلۡغَٰبِرِينَ ﴾
[العَنكبُوت: 33]

ငါအရှင်မြတ်၏သတင်းဆောင်၊ စေတမန်များသည် (တမန်တော်) လူးသ်ထံသို့ရောက်ရှိလာသောအခါ သူသည် သူတို့နှင့်ပတ်သက်၍ ရတက်မအေးဖြစ်လျက် ဖိစီးမှုဒဏ်ခံရပြီး (သူ့လူမျိုးတို့က သတင်းဆောင်များအား ဒုက္ခပေးနိုင်ကြောင်း၊ သူတို့ကို ကာကွယ်ရန် အင်အားအလုံအလောက် မရှိကြောင်းတို့ကြောင့်) သူတို့အတွက် ချောင်ပိတ်မိသကဲ့သို့ ပူပင်၍ စိတ်ကျဉ်းကျပ်မှု ခံစားသောအခါ သူတို့က “(အို၊ လူးသ်၊) အသင်သည် မစိုးရိမ်လေနှင့်။ ပူဆွေးသောကရောက်ခြင်းလည်း မရှိလေနှင့်။ ဧကန်မလွဲ၊ ကျွန်ုပ်တို့သည် နောက်တွင်ကျန် ရစ်နေမည့်သူတို့တွင် အပါအဝင်ဖြစ်မည့် သင့်အမျိုးသမီးမှအပ အသင်နှင့်တကွ သင့်မိသားစုအပေါင်းအဖော်တို့အား ကယ်ဆယ်မည့်သူများပင် ဖြစ်ကြသည်။” ဟု ပြောကြားလေ၏။

❮ Previous Next ❯

ترجمة: ولما أن جاءت رسلنا لوطا سيء بهم وضاق بهم ذرعا وقالوا لا, باللغة البورمية

﴿ولما أن جاءت رسلنا لوطا سيء بهم وضاق بهم ذرعا وقالوا لا﴾ [العَنكبُوت: 33]

Ba Sein
၃၃။ ထို့အပြင် ငါ၏ ကောင်းကင်တမန်တော်တို့သည် တမန်တော်လွဒ်ထံသို့ ရောက်ရှိသောအခါ သူသည် ထို ကောင်းကင်တမန်တော်တို့အတွက် စိတ်ညစ်၏၊ သူသည် တမန်တော်တို့ကို မစောင့်ရှောက်မကာကွယ်နိုင်သော ကြောင့်တည်း၊ သို့သော်ကောင်းကင်တမန်တော်တို့က အို-တမန်တော်သခင်၊ စိတ်မတုန်လှုပ်ပါလင့်၊ စိတ်မပူ ဆွေးပါလင့်၊ အကျွနု်ပ်တို့သည် သခင်၏ကြင်ယာတော်မှတပါး သခင်နှင့်တကွ အိမ်သူအိမ်သားအားလုံးကို ကယ်နှုတ်ယူရပါမည်၊ သခင်၏ကြင်ယာတော်မူကား ကျန်ရစ်သူတို့ဘောင်တွင် ပါဝင်ပါ၏။
Ghazi Mohammad Hashim
တစ်ဖန် ငါအရှင်မြတ်၏ စေတမန်တို့သည်’လူ(တ်)’ ၏ထံသို့ရောက်ရှိ၍ လာခဲ့ကြလေသောအခါ ထို’လူ(တ်)’ မှာ ၎င်းတို့ကြောင့် စိတ်မချမ်းမြေ့ ဖြစ်ခဲ့ရသည့်ပြင်၊ ၎င်းတို့နှင့်ပက်သက်၍ လွန်စွာစိတ်ကျဉ်းကျပ်မှုလည်း ဖြစ်ခဲ့လေ၏။ သို့ရာတွင် ထိုစေတမန်တို့က (ဤသို့)ပြောဆို (နှစ်သိမ့်စေ)ခဲ့ကြ လေသည်။ [‘အို-လူ(တ်)’] အသင်သည် စိုးရိမ်ခြင်းလည်း မရှိပါလေနှင့်၊ ပူဆွေးခြင်းလည်း မရှိပါလေနှင့်။ ဧကန်မလွဲ ကျွန်ုပ်တို့သည် အသင်၏ဇနီးမှအပ အသင်နှင့်တကွ အသင်၏အိမ်သူအိမ်သား သက်ဆိုင်သူ အားလုံးတို့အား ကယ်ဆယ်အံ့သောသူများပင် ဖြစ်ကြပေသည်။ ထို ဇနီးမှာမူကား(ပြစ်ဒဏ်ခံစားရန်) ကျန်ရစ်ခဲ့ကြကုန်သောသူတို့တွင် တစ်ဦးအပါအဝင် ဖြစ်ချိမ့်မည်။
Hashim Tin Myint
ထို့ပြင် ငါအရှင်မြတ်၏‌စေတမန်များသည် (တမန်‌တော်)လူသွ်ထံသို့‌ရောက်လာသည့်အခါ ၎င်းသည် သူတို့‌ကြောင့် စိတ်ဒုက္ခ‌ရောက်ခဲ့ရသည့်အပြင် သူတို့နှင့်ပတ်သက်၍ စိတ်ကျဉ်းကျပ်မှုလည်းဖြစ်ခဲ့သည်။* ထို့ပြင် ၎င်း(‌ကောင်းကင်တမန်)တို့က ‌ပြောကြသည်၊ အသင်သည် ‌ကြောက်ရွံ့စိုးရိမ်မှု မဖြစ်ပါနှင့်၊ ပူ‌ဆွေးမှုလည်း မဖြစ်ပါနှင့်၊ အမှန်စင်စစ် ကျွန်ုပ်တို့သည် (ပြစ်ဒဏ်ခံစားရန်)ကျန်ရစ်ခဲ့ကြသူများထဲတွင် တစ်ဦးအပါအဝင်ဖြစ်‌သော အသင်၏ဇနီးမှလွဲ၍ အသင်နှင့် အသင်၏အိမ်သူအိမ်သားများကို ကယ်ဆယ်မည့်သူများ ဖြစ်ကြပါသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek