Quran with Burmese translation - Surah Al-‘Ankabut ayat 39 - العَنكبُوت - Page - Juz 20
﴿وَقَٰرُونَ وَفِرۡعَوۡنَ وَهَٰمَٰنَۖ وَلَقَدۡ جَآءَهُم مُّوسَىٰ بِٱلۡبَيِّنَٰتِ فَٱسۡتَكۡبَرُواْ فِي ٱلۡأَرۡضِ وَمَا كَانُواْ سَٰبِقِينَ ﴾
[العَنكبُوت: 39]
﴿وقارون وفرعون وهامان ولقد جاءهم موسى بالبينات فاستكبروا في الأرض وما كانوا﴾ [العَنكبُوت: 39]
Ba Sein ၃၉။ ထို့အပြင်ကာရွန်၊ ဖွာရောနှင့်ဟာမန်၊ တမန်တော်မူစာတို့ထံသို့ အလ္လာဟ်၏ အချုပ်အခြာအာဏာကို ထောက်ခံ သော၊ ထင်ရှားခိုင်မာသောသက်သေခံချက်များကို ယူဆောင်လာ၏၊ သို့သော် သူတို့သည် ကမ္ဘာမြေပေါ်၌ ဝါကြွားထောင်လွှားသူများဖြစ်ကြ၏၊ သူတို့သည် ငါ့အထံတော်မှ လွတ်အောင်ပြေးနိုင်သူများမဟုတ်ချေ။ |
Ghazi Mohammad Hashim ထိုနည်းတူစွာ (ငါအရှင်မြတ်သည်) ‘ကာရူန်’အားလည်းကောင်း၊ ‘ဖစ်ရ်အောင်န်’ အားလည်းကောင်း၊’ဟာမာန်’ အားလည်းကောင်း၊ (ဖျက်ဆီးတော်မူခဲ့၏၊) ထိုမှတစ်ပါး မုချဧကန် ‘မူစာ’ သည် ၎င်းတို့ထံ ထင်ရှားစွာသော သက်သေလက္ခဏာတော်များနှင့်တကွ ရောက်ရှိ၍လာခဲ့ပေသည်။သို့ရာတွင် ၎င်းတို့မှာ တိုင်းပြည်၌ မောက်မာဆိုးသွမ်းခဲ့ကြကုန်၏။ အမှန်မှာ ၎င်းတို့သည် (ငါအရှင်မြတ်၏ပြစ်ဒဏ်မှ)လွတ်မြောက် သွားနိုင်ကြသူများ မဖြစ်ခဲ့ကြချေ။ |
Hashim Tin Myint ထို့ပြင် ကာရူန်၊ ဖိရ်အောင်န်နှင့် ဟာမာန်တို့ကိုလည်း (ဖျက်ဆီးတော်မူခဲ့သည်)။ ထို့ပြင် အမှန်စင်စစ် (တမန်တော်)မူစာသည် သူတို့ထံသို့ ထင်ရှားသည့် သက်သေသာဓကများနှင့်တကွ ရောက်ရှိလာခဲ့သည်။ ထို့နောက်လည်း သူတို့သည် တိုင်းပြည်တွင် မာနထောင် ဆိုးသွမ်းခဲ့ကြသည်။ ထို့ပြင် သူတို့သည် (ငါအရှင်မြတ်၏ပြစ်ဒဏ်မှ) လွတ်မြောက်သွားနိုင်ကြသူများ မဖြစ်ခဲ့ကြပေ။ |