Quran with Burmese translation - Surah Al-‘Ankabut ayat 40 - العَنكبُوت - Page - Juz 20
﴿فَكُلًّا أَخَذۡنَا بِذَنۢبِهِۦۖ فَمِنۡهُم مَّنۡ أَرۡسَلۡنَا عَلَيۡهِ حَاصِبٗا وَمِنۡهُم مَّنۡ أَخَذَتۡهُ ٱلصَّيۡحَةُ وَمِنۡهُم مَّنۡ خَسَفۡنَا بِهِ ٱلۡأَرۡضَ وَمِنۡهُم مَّنۡ أَغۡرَقۡنَاۚ وَمَا كَانَ ٱللَّهُ لِيَظۡلِمَهُمۡ وَلَٰكِن كَانُوٓاْ أَنفُسَهُمۡ يَظۡلِمُونَ ﴾
[العَنكبُوت: 40]
﴿فكلا أخذنا بذنبه فمنهم من أرسلنا عليه حاصبا ومنهم من أخذته الصيحة﴾ [العَنكبُوت: 40]
Ba Sein ၄ဝ။ ထို့ကြောင့်ငါအရှင်မြတ်သည် တစ်ယောက်စီကို သူ၏ပြစ်မှုအတွက် ဖမ်းဆီးတော်မူသည်၊ သူတို့အနက်သူ့အပေါ် သို့ ငါ လေနီကြမ်းလွှတ်တော်မူ၏၊ သူတို့အနက်ကြောက်မက်ဖွယ်သောအသံကြီးဖမ်းဆီးခံရသူလည်း ရှိ၏၊ သူတို့အနက် ငါမြေမျိုစေတော်မူခြင်းခံရသူလည်းရှိ၏၊ ငါရေမျိုစေတော်မူခြင်းခံရသူလည်း ရှိ၏၊ အလ္လာဟ်အရှင် မြတ်သည် သူတို့ကို မတရားပြစ်မှားတော်မူသည်မဟုတ်ချေ၊ သို့သော်သူတို့သည် မိမိကိုယ်ကို မိမိပြစ်မှားကြ၏။ |
Ghazi Mohammad Hashim သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် (၎င်းတို့အနက်) အသီးသီးအား ၎င်း၏ပြစ်မှုကြောင့် ဖမ်းဆီးကွပ်မျက်တော်မူခဲ့၏။ ငါအရှင်မြတ်သည် ၎င်းတို့အနက် အချို့၏အပေါ်၌ ကျောက်ခဲများပါရှိသော လေပြင်းမုန်တိုင်းကို စေလွှတ်တော်မူခဲ့၏။ ထိုနည်းတူစွာ ၎င်းတို့အနက်အချို့ကို ကျယ်လောင်ပြင်းထန်လှသောအသံသည် ဖမ်းဆီးကွပ်မျက်ခဲ့လေ၏။ ထို့ပြင်၎င်းတို့အနက် အချို့ကို ငါအရှင်မြတ်သည် မြေမျိုစေတော်မူခဲ့၏။ ထိုမှတစ်ပါး ၎င်းတို့အနက် အချို့ကိုမူကား ငါအရှင်မြတ်သည် ရေနစ်စေတော်မူခဲ့၏။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား မတရားနှိပ်စက်တော်မူခဲ့ သည်မဟုတ်ပေ။ သို့ရာတွင် ၎င်းတို့သည် မိမိတို့ကိုယ်တိုင် မိမိတို့ကိုယ်ကိုနှိပ်စက် ညှဉ်းပန်းလျက် ရှိခဲ့ကြကုန်သတည်း။ |
Hashim Tin Myint သို့ဖြစ်ရာ ငါအရှင်မြတ်သည် တစ်ဦးချင်းစီအား သူတို့၏အပြစ်ကြောင့် ဖမ်းဆီးကွပ်မျက်တော်မူခဲ့သည်။ ထို့ပြင် အချို့အား ငါအရှင်မြတ်သည် မြေမျိုစေတော်မူခဲ့သည်။ ထို့ပြင် အချို့အား ရေနစ်စေတော်မူခဲ့သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် သူတို့အား နှိပ်စက်တော်မမူခဲ့ပေ။ (အပြစ်ရှိသူအား အပြစ်ပေးခြင်းသည် အပြစ်မရှိသူအား ဆုလာဘ်ပေးခြင်းပင်ဖြစ်သည်။) သို့ရာတွင် သူတို့သည် သူတို့ကိုယ်သူတို့ နှိပ်စက်နေခဲ့ကြခြင်းဖြစ်သည်။ |