Quran with Burmese translation - Surah Al-‘Ankabut ayat 5 - العَنكبُوت - Page - Juz 20
﴿مَن كَانَ يَرۡجُواْ لِقَآءَ ٱللَّهِ فَإِنَّ أَجَلَ ٱللَّهِ لَأٓتٖۚ وَهُوَ ٱلسَّمِيعُ ٱلۡعَلِيمُ ﴾
[العَنكبُوت: 5]
﴿من كان يرجو لقاء الله فإن أجل الله لآت وهو السميع العليم﴾ [العَنكبُوت: 5]
Ba Sein ၅။ အကြင်သူသည် အလ္လာဟ်အရှင်မြတ်ကို မျက်ဝါးထင်ထင်ဖူးမြင်ဖို့ရာ မျှော်လင့်အ့ံ၊ ထိုသူအား အရှင်မြတ်၏ စစ်ကြောစီရင်တော်မူခြင်းမှာ အမှန်ပင်နီးကပ်လာသည်ကို သိစေလော့၊ အရှင်မြတ်သည် အရာရာကို အကြွင်းမဲ့ ကြားတော်မူသောအရှင်၊ သိတော်မူသောအရှင်ဖြစ်တော်မူ၏။ |
Ghazi Mohammad Hashim မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် တွေ့ဆုံရန် မျှော်လင့်လျက်ရှိခဲ့မူ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ် ပြဋ္ဌာန်း၍ ထားတော်မူသော ကာလအပိုင်းအခြားသည် မုချ ဆိုက်ရောက်လာမည်ဖြစ်၏။ စင်စစ်သော်ကား ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ ကြားတော်မူသော၊ အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။ |
Hashim Tin Myint မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် တွေ့ဆုံရန် မျှော်လင့်လျှင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သတ်မှတ်ထားသော အချိန်ကာလသည် အမှန်ပင် ဆိုက်ရောက်လာမည် ဖြစ်သည်။ ထို့ပြင် အရှင်မြတ်သည် အကြွင်းမဲ့ကြားတော်မူသောအရှင်၊ အကြွင်းမဲ့သိတော်မူသောအရှင် ဖြစ်တော်မူသည်။ |