Quran with Burmese translation - Surah Al-‘Ankabut ayat 53 - العَنكبُوت - Page - Juz 21
﴿وَيَسۡتَعۡجِلُونَكَ بِٱلۡعَذَابِ وَلَوۡلَآ أَجَلٞ مُّسَمّٗى لَّجَآءَهُمُ ٱلۡعَذَابُۚ وَلَيَأۡتِيَنَّهُم بَغۡتَةٗ وَهُمۡ لَا يَشۡعُرُونَ ﴾
[العَنكبُوت: 53]
﴿ويستعجلونك بالعذاب ولولا أجل مسمى لجاءهم العذاب وليأتينهم بغتة وهم لا يشعرون﴾ [العَنكبُوت: 53]
Ba Sein ၅၃။ သူတို့သည် သင့်အား အလ္လာဟ်အရှင်မြတ်၏ အပြစ်ဒဏ်တော်ကို အဆောတလျင်ပြသရန် တောင်းဆိုကြ၏၊ အကယ်၍ငါသည် အချိန်သတ်မှတ်ထားတော်မမူခဲ့လျှင် အပြစ်ဒဏ်တော်သည် သူတို့အပေါ်သို့ မုချဧကန်ကျ ရောက်လေပြီးအ့ံ၊ အမှန်မှာ အပြစ်ဒဏ်တော်သည် သူတို့မသိမမြင်ပဲလျက် ၎င်းတို့အပေါ်သို့ လတ်တလော ရှောင်တခင်ရောက်လာအ့ံ။ |
Ghazi Mohammad Hashim (အို-နဗီတမန်တော်) ဧကန်စင်စစ် ၎င်းတို့သည် ပြစ်ဒဏ်နှင့်စပ်လျဉ်း၍ အသင့်ထံတွင် အဆောတလျင် တောင်းဆိုကြကုန်၏။ သို့ရာတွင် အကယ်၍သာ ကာလအပိုင်းအခြားတစ်ခုသည် သတ်မှတ်ပြဋ္ဌာန်းပြီး မဖြစ်ခဲ့ပါလျှင် ပြစ်ဒဏ်သည် ၎င်းတို့ထံ မုချ ဆိုက်ရောက်ခဲ့ပြီး ဖြစ်ပေမည်။ စင်စစ်သော်ကား ထိုပြစ်ဒဏ်သည် ၎င်းတို့ထံ ရုတ်တရက်မုချ ဆိုက်ရောက်လာမည်ဖြစ်၏။ ၎င်းတို့သည် (အလျှင်း) သိရှိလိုက်ကြမည်ပင် မဟုတ်ပေ။ |
Hashim Tin Myint ထို့ပြင် သူတို့သည် ပြစ်ဒဏ်နှင့်ပတ်သက်၍ အသင့်ထံတွင် အလျင်စလို တောင်းဆိုကြသည်။ ထို့ပြင် အကယ်၍ အချိန်ကာလတစ်ခုသာ ပြဋ္ဌာန်းပြီးမဟုတ်ခဲ့လျှင် ပြစ်ဒဏ်သည် သူတို့ထံသို့ အမှန်ပင် ဆိုက်ရောက်ခဲ့ပြီးဖြစ်သည်။ ထို့ပြင် ထိုပြစ်ဒဏ်သည် အမှန်ပင် သူတို့ထံသို့ သူတို့သည် သိပင်မသိလိုက်ဘဲလျက်* ရုတ်တရက် ရောက်လာမည်ဖြစ်သည်။ |