×

သူတို့သည် အသင် (တမန်တော်) ထံ (အရှင့်စည်းမျဉ်းတော်ကို ကျူးလွန်လျှင် အရေးယူတော်မူမည့်) ပြစ်ဒဏ်နှင့်စပ်လျဉ်း၍ စိတ်ဆောစွာဖြင့် အလျင်စလို စိန်ခေါ်၍ တောင်းဆိုကြနေ၏။ 29:54 Burmese translation

Quran infoBurmeseSurah Al-‘Ankabut ⮕ (29:54) ayat 54 in Burmese

29:54 Surah Al-‘Ankabut ayat 54 in Burmese (البورمية)

Quran with Burmese translation - Surah Al-‘Ankabut ayat 54 - العَنكبُوت - Page - Juz 21

﴿يَسۡتَعۡجِلُونَكَ بِٱلۡعَذَابِ وَإِنَّ جَهَنَّمَ لَمُحِيطَةُۢ بِٱلۡكَٰفِرِينَ ﴾
[العَنكبُوت: 54]

သူတို့သည် အသင် (တမန်တော်) ထံ (အရှင့်စည်းမျဉ်းတော်ကို ကျူးလွန်လျှင် အရေးယူတော်မူမည့်) ပြစ်ဒဏ်နှင့်စပ်လျဉ်း၍ စိတ်ဆောစွာဖြင့် အလျင်စလို စိန်ခေါ်၍ တောင်းဆိုကြနေ၏။ ဧကန်မလွဲ၊ ငရဲဘုံသည် မယုံကြည်သူ အမှန်တရားကို သွေဖည်ငြင်းပယ်သောသူတို့အား ဝန်းရံလျက်ပင် ရှိပေ၏။

❮ Previous Next ❯

ترجمة: يستعجلونك بالعذاب وإن جهنم لمحيطة بالكافرين, باللغة البورمية

﴿يستعجلونك بالعذاب وإن جهنم لمحيطة بالكافرين﴾ [العَنكبُوت: 54]

Ba Sein
၅၄။ သူတို့သည် သင့်အား အပြစ်ဒဏ်တော်ကို အလျင်စလိုပေးရန် တောင်းကြ၏၊ မှတ်သားကြလော့၊ အမှန်ကို ဆိုသော်ငရဲမီးသည် မိစ္ဆာမိုက်တို့အား အဘက်ဘက်မှ ဝိုင်းဝန်းလွှမ်းမိုးလတ့ံ။
Ghazi Mohammad Hashim
၎င်းတို့သည် အသင့်ထံတွင်ပြစ်ဒဏ်ကို အဆောတလျင် တောင်းဆိုကြကုန်၏။ ၎င်းပြင် ဧကန်မလွဲ ‘ဂျဟန္နမ်’ငရဲဘုံသည် ‘ကာဖိရ်’ သွေဖည် ငြင်းပယ်သောသူတို့အား ဝန်းရံလျက်ပင်ရှိပေသည်။
Hashim Tin Myint
သူတို့သည် အသင့်ထံတွင် ပြစ်ဒဏ်ကို အလျင်စလို ‌တောင်းဆိုကြသည်။ ထို့ပြင် အမှန်စင်စစ် ဂျဟန္နမ်ငရဲဘုံသည် ကာဖိရ်များအား ဝိုင်းရံလျက်ပင်ရှိသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek