Quran with Burmese translation - Surah Al-‘Ankabut ayat 58 - العَنكبُوت - Page - Juz 21
﴿وَٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ لَنُبَوِّئَنَّهُم مِّنَ ٱلۡجَنَّةِ غُرَفٗا تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُ خَٰلِدِينَ فِيهَاۚ نِعۡمَ أَجۡرُ ٱلۡعَٰمِلِينَ ﴾
[العَنكبُوت: 58]
﴿والذين آمنوا وعملوا الصالحات لنبوئنهم من الجنة غرفا تجري من تحتها الأنهار﴾ [العَنكبُوت: 58]
Ba Sein ၅၈။ အကြင်သူတို့သည် ယုံကြည်လျက် သုစရိုက်ကောင်းမှုကို အားထုတ်ပွားများအ့ံ၊ ငါသည် ထိုသူတို့အား နိဗ္ဗာန် ဥယျာဉ်တော်များ၌ ဘုံဗိမာန်တော်များတွင် စံစားနေထိုင်စေတော်မူမည်၊ ထိုဥယျာဉ်တော်အောက်တွင် စိမ့်စမ်း ရေမြောင်းတို့လည်း အယဉ်ထွေထွေစီးဆင်းလျက်ရှိနေကြ၏၊ ထိုသူတို့သည် ထိုဥယျာဉ်တော်များ၌ စိုးရိမ်ကြောင့် ကျခြင်းမရှိပဲ စိတ်ချလက်ချစံမြန်းရကြမည်၊ ခြိုးခြံစွာကျင့်သူတို့၏ အကျိုးဆက်သည် ကောင်းလေစွ။ |
Ghazi Mohammad Hashim သို့ရာတွင်’အီမာန်’ သက်ဝင်ယုံကြည်ပြီး ကောင်းမြတ်သောအကျင့်သီလများကို ကျင့်မူဆောက်တည်ကြကုန်သော သူတို့မှာမူကား အမှန်ပင် ငါအရှင်မြတ်သည် ၎င်းတို့အား ဂျန္နတ်သုခဘုံ၌ မြင့်စွင့်လှစွာသော အဆောင်များတွင် နေရာချပေးတော်မူမည်။ ယင်း အဆောင်များ၏အောက်၌ ရေချောင်းများသည် စီးတွေလျက်ရှိကြပေမည်။ (၎င်းတို့သည်)ယင်းအဆောင်များတွင် အမြဲထာဝစဉ် နေထိုင်စံမြန်းကြပေမည်။ပင်ပန်းကြီးစွာ လုပ်ကိုင်ဆောင်ရွက်ခဲ့ကြသော (သူတော်ကောင်း)တို့၏ အကျိုးကား လွန်စွာကောင်းမြတ်လှပါဘိတကား။ |
Hashim Tin Myint ထို့ပြင် အီမာန်ယုံကြည်၍ ကောင်းမြတ်သောလုပ်ရပ်များကို ပြုလုပ်ကြသည့်သူများကမူ အမှန်ပင် ငါအရှင်မြတ်သည် သူတို့အား ဂျန္နသ်သုခဘုံမှ (မြင့်မားသည့်)အဆောင်များတွင် နေရာချပေးတော်မူမည်ဖြစ်သည်။ ထိုအဆောင်များအောက်တွင် စမ်းရေချောင်းများ စီးဆင်းနေလိမ့်မည်။ (သူတို့သည်) ထိုအထဲတွင် အမြဲနေကြရမည်။ (ကောင်းမြတ်သော)အလုပ် ပြုလုပ်ခဲ့သူများ၏အကျိုးသည် အဘယ်မျှ ကောင်းမြတ်လိုက်သနည်း။ |