×

(ထိုစုရုံးတော်မူမည့်နေ့တွင်) မယုံကြည်သူ၊ (အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့သည် သူတို့၏ပိုင်ဆိုင်မှု များဖြစ်သော ဓနစည်းစိမ်နှင့်သားသမီးများအား အလ္လာဟ်အရှင်မြတ်၏အရေးယူမှုနှင့်ဆန့်ကျင်၍ မည်သည့်နည်းနှင့်မျှ အသုံးမချနိုင်သည့်အပြင် မည်သည့်အခါမျှ 3:10 Burmese translation

Quran infoBurmeseSurah al-‘Imran ⮕ (3:10) ayat 10 in Burmese

3:10 Surah al-‘Imran ayat 10 in Burmese (البورمية)

Quran with Burmese translation - Surah al-‘Imran ayat 10 - آل عِمران - Page - Juz 3

﴿إِنَّ ٱلَّذِينَ كَفَرُواْ لَن تُغۡنِيَ عَنۡهُمۡ أَمۡوَٰلُهُمۡ وَلَآ أَوۡلَٰدُهُم مِّنَ ٱللَّهِ شَيۡـٔٗاۖ وَأُوْلَٰٓئِكَ هُمۡ وَقُودُ ٱلنَّارِ ﴾
[آل عِمران: 10]

(ထိုစုရုံးတော်မူမည့်နေ့တွင်) မယုံကြည်သူ၊ (အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့သည် သူတို့၏ပိုင်ဆိုင်မှု များဖြစ်သော ဓနစည်းစိမ်နှင့်သားသမီးများအား အလ္လာဟ်အရှင်မြတ်၏အရေးယူမှုနှင့်ဆန့်ကျင်၍ မည်သည့်နည်းနှင့်မျှ အသုံးမချနိုင်သည့်အပြင် မည်သည့်အခါမျှ အသုံးဝင် အရာရောက်မည်လည်း မဟုတ်ပေ။ ထိုသူတို့နှင့်သူတို့က အားကိုးသည့်အရာများသည် ငရဲမီး၏လောင်စာများသာ ဖြစ်၏။

❮ Previous Next ❯

ترجمة: إن الذين كفروا لن تغني عنهم أموالهم ولا أولادهم من الله شيئا, باللغة البورمية

﴿إن الذين كفروا لن تغني عنهم أموالهم ولا أولادهم من الله شيئا﴾ [آل عِمران: 10]

Ba Sein
၁ဝ။ ထိုနေ့တော်ကြီး၌ မိစ္ဆာဒိဋ္ဌိတို့၏ ဥစ္စာပစ္စည်းသော်လည်းကောင်း၊ သားသမီး အခြွေအရံတို့သော် လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏ မျက်မှောက်ဝယ် ထိုသူတို့ကို အကျိုးမပြုစွမ်းနိုင်ပေ။ သူတို့သည် ငရဲမီးအတွက် ထင်းသာဖြစ်ကြရမည်။
Ghazi Mohammad Hashim
ဧကန်အမှန် မယုံမကြည် သွေဖည်ငြင်းပယ်သောသူတို့၏ ပစ္စည်းဥစ္စာရတနာများသည် လည်းကောင်း၊ယင်းသူတို့၏ သားသမီးရတနာများသည် လည်းကောင်း၊ယင်းသူတို့အဖို့ (ရှင်ပြန်ထမည့်နေ့၌) အလ္လာဟ်အရှင်မြတ်၏ပြစ်ဒဏ်မှ (ကာကွယ်ရန်) စိုးစဉ်းမျှပင် အသုံးဝင်မည်မဟုတ်ချေ။ စင်စစ် သော်ကား ယင်းသူတို့သည် ဂျဟန္နမ် ငရဲမီး၏လောင်စာများသာ ဖြစ်ကြလတ္တံ့။
Hashim Tin Myint
အမှန်စင်စစ် ကာဖိရ်ငြင်းပယ်သူများ၏ ပစ္စည်းဥစ္စာများနှင့် သူတို့၏သားသမီးများသည် သူတို့အတွက် (ကိယာမသ် ရှင်ပြန်ထမည့်‌နေ့တွင်) အလ္လာဟ်အရှင်မြတ်(၏ ပြစ်ဒဏ်)မှ (ကာကွယ်ရန်) မည်သည့်အရာမျှ အသုံးဝင်မည် မဟုတ်‌ပေ။* ထို့ပြင် သူတို့သည် ငရဲမီး၏‌လောင်စာများပင် ဖြစ်ကြလိမ့်မည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek