Quran with Burmese translation - Surah al-‘Imran ayat 15 - آل عِمران - Page - Juz 3
﴿۞ قُلۡ أَؤُنَبِّئُكُم بِخَيۡرٖ مِّن ذَٰلِكُمۡۖ لِلَّذِينَ ٱتَّقَوۡاْ عِندَ رَبِّهِمۡ جَنَّٰتٞ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُ خَٰلِدِينَ فِيهَا وَأَزۡوَٰجٞ مُّطَهَّرَةٞ وَرِضۡوَٰنٞ مِّنَ ٱللَّهِۗ وَٱللَّهُ بَصِيرُۢ بِٱلۡعِبَادِ ﴾
[آل عِمران: 15]
﴿قل أؤنبئكم بخير من ذلكم للذين اتقوا عند ربهم جنات تجري من﴾ [آل عِمران: 15]
Ba Sein ၁၅။ အို...တမန်တော် သင်ဟောကြားလော့။ ဟယ်အချင်းတို့ ထိုအရာထက်သာ၍ မွန်မြတ်သော အရောအကြောင်းကို သင်တို့အား ငါပြောပြရမည်လော။ ဒုစရိုက်မကောင်းမှုကို ကြဉ်ရှောင်သူတို့ အတွက် သူတို့၏ အသျှင်သခင်အထံတော်၌ မြစ်ချောင်းအသွယ်သွယ် စီးဆင်းလျှက်ရှိသော သုခဥယျာဉ်တော်များ၊ သန့်ရှင်းဖြူစင်သော အပေါင်းအဖော်များ၊ အသျှင်မြတ်သနားတော်မူသော ရောင့်ရဲတင်းတိမ်ခြင်းများ ရှိကြ၏။ အလ္လာဟ်အသျှင်မြတ်သည် မိမိ၏ ကျေးတော်မျိုး၊ ကျွန်တော်မျိုး တို့ကို မြင်တော်မူသောအသျှင် ဖြစ်တော်မူ၏။ |
Ghazi Mohammad Hashim (အို-နဗီတမန်တော်) အသင်သည် (လူသားတို့အား) ပြောကြားပါလေ။ အကျွန်ုပ်သည် အသင်တို့ အားထို (အထက်အဆိုပါ လောကီရတနာစည်းစိမ်များ)ထက် ပိုမိုသင့်မြတ်သောအရာများကို အကြောင်းကြားရပါမည်လော။(အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ရိုသေခန့်ညား၍ ဒုစရိုက်မှုတို့ကို) ကြဉ်ရှောင်သော သူတော်စင်များအဖို့ ယင်းသူတို့အားမွေးမြူတော် မူသော အရှင်မြတ်အထံတော်၌ ဥယျာဉ်တော်များရှိပေသည်။ ထိုဥယျာဉ်တော်များ၏အောက်မှ စမ်းရေ ချောင်းများသည် (အယဉ်တွေတွေ)စီးဆင်လျက် ရှိပေသည်။ (ယင်းသူတို့သည်) ထိုဥယျာဉ်တော်များ တွင် အမြဲထာဝရ စံနေကြမည့်သူများပင် ဖြစ်ကြ ပေသည်။ (ထို့ပြင် ယင်းသူတို့အဖို့)စင်ကြယ်သန့်ရှင်း အပြစ်ကင်းသော ဇနီးများလည်း ရှိကြပေသည်။ ထို့ပြင်တဝ အလ္လာဟ်အရှင်မြတ်၏ နှစ်သက်မှုလည်းရှိပေသည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည်(မိမိ၏)ကျွန်များ (၏အခြေအနေအဖြစ်အပျက် အားလုံး တို့ကို)ခွဲခြားသိမြင်တော် မူသောအရှင် ဖြစ်တော်မူပေသတည်း။ |
Hashim Tin Myint (အို- တမန်တော်)အသင်ပြောလိုက်ပါ၊ ကျွန်ုပ်သည် အသင်တို့အား ထိုအရာများထက် ပိုကောင်းသောအရာများကို အသိပေးရမည်လော။ ကြောက်ရွံ့အပြစ်ရှောင် ကောင်းကျိုးဆောင်သူများအတွက် ထိုသူတို့အား ဖန်ဆင်းမွေးမြူသောမူသော အရှင်မြတ်ထံတွင် ဥယျာဉ်များရှိသည်။ ထိုဥယျာဉ်များ၏အောက်မှ စမ်းရေချောင်းများစီးဆင်းလျက်ရှိသည်။ (သူတို့သည်) ထိုဥယျာဉ်များထဲတွင် အမြဲနေကြမည့်သူများဖြစ်သည်။ ထို့ပြင် (သူတို့အတွက်) စင်ကြယ်သော ဇနီးကြင်ရာများလည်း ရှိသည်။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်၏ ကျေနပ်နှစ်သက်မှုလည်းရှိသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် (အရှင်မြတ်၏)ကျွန်များအား အကြွင်းမဲ့သိမြင်တော်မူသောအရှင် ဖြစ်တော်မူသည်။ |