Quran with Burmese translation - Surah al-‘Imran ayat 154 - آل عِمران - Page - Juz 4
﴿ثُمَّ أَنزَلَ عَلَيۡكُم مِّنۢ بَعۡدِ ٱلۡغَمِّ أَمَنَةٗ نُّعَاسٗا يَغۡشَىٰ طَآئِفَةٗ مِّنكُمۡۖ وَطَآئِفَةٞ قَدۡ أَهَمَّتۡهُمۡ أَنفُسُهُمۡ يَظُنُّونَ بِٱللَّهِ غَيۡرَ ٱلۡحَقِّ ظَنَّ ٱلۡجَٰهِلِيَّةِۖ يَقُولُونَ هَل لَّنَا مِنَ ٱلۡأَمۡرِ مِن شَيۡءٖۗ قُلۡ إِنَّ ٱلۡأَمۡرَ كُلَّهُۥ لِلَّهِۗ يُخۡفُونَ فِيٓ أَنفُسِهِم مَّا لَا يُبۡدُونَ لَكَۖ يَقُولُونَ لَوۡ كَانَ لَنَا مِنَ ٱلۡأَمۡرِ شَيۡءٞ مَّا قُتِلۡنَا هَٰهُنَاۗ قُل لَّوۡ كُنتُمۡ فِي بُيُوتِكُمۡ لَبَرَزَ ٱلَّذِينَ كُتِبَ عَلَيۡهِمُ ٱلۡقَتۡلُ إِلَىٰ مَضَاجِعِهِمۡۖ وَلِيَبۡتَلِيَ ٱللَّهُ مَا فِي صُدُورِكُمۡ وَلِيُمَحِّصَ مَا فِي قُلُوبِكُمۡۚ وَٱللَّهُ عَلِيمُۢ بِذَاتِ ٱلصُّدُورِ ﴾
[آل عِمران: 154]
﴿ثم أنـزل عليكم من بعد الغم أمنة نعاسا يغشى طائفة منكم وطائفة﴾ [آل عِمران: 154]
Ba Sein ၁၅၄။ ထို့ပြင် ဝမ်းနည်းရပြီးနောက် သင်တို့အား လုံခြံုခြင်းကို ချပေးသနားတော်မူ၏။ သင်တို့အနက် လူတစ်စုသည် အိပ်ငိုက်သွားကြ၏။ အခြားတစ်စုက မိမိကိုယ်ရေးကိုယ်တာအတွက် စိုးရိမ်ကြောင့်ကြ လာပြီးလျှင် အလ္လာဟ်အသျှင်မြတ်ကို မိစ္ဆာဒိဌိတို့၏အတွေးနှင့် မတရားတွေးတောနေကြ၏။ သူတို့က ဤစစ်ပွဲတွင် အကျွနု်ပ်တို့ ဆုံးဖြတ်ခွင့်တစ်စုံတစခုရှိခဲ့သလောဟု ဆိုကြ၏။ အို-မိုဒမ္မဒ် ဆုံးဖြတ်ခြင်း သည် အသျှင်နှင့်သာဆိုင်၏ဟု သင်ပြောကြားလော့။ သူတို့သည် သင့်အား ထုတ်ဖော်မပြောဘဲ သူတို့ဝမ်းတွင်းတွင် မျိုသိပ်ထားသော တွေးတောချက်တစ်ခုရှိ၏။ ထိုတွေးတောချက်ကား အကျွနု်ပ်တို့တွင် ဆုံးဖြတ်ခွင့်ရှိခဲ့ကြလျှင် အကျွနု်ပ်တို့သည် ဤစစ်ပွဲတွင် သတ်ဖြတ်ခြင်းခံခဲ့ကြရမည် မဟုတ်ချေဟူ၍ဖြစ်၏။ အို-တမန်တော် ဟောကြားလော့။ သင်တို့သည် မိမိတို့အိမ်တွင်းတွင် ရှိငြားသော်လည်း အသတ်အဖြတ်ခံရမည်သာဟု အသျှင်မြတ်ပြဌာန်းတော်မူခြင်းခံရသူတို့သည် မိမိတို့သေရမည့်နေရာများသို့ သွားကြရမည်သာတည်း။ ဤအခြင်းအရာအားလုံးသည် သင်တို့ ဝမ်းတွင်းရှိသည်တို့ကို စုံစမ်း၍ သင်တို့စိတ်နှလုံးအတွင်းရှိသည်တို့ကို ထုတ်ဖော်ပြရန်ဖြစ်၏။ အလ္လာဟ်အသျှင်မြတ်သည် လူသားတို့၏ စိတ်နှလုံးများအတွင်းရှိ လျှို့ဝှက်နက်နဲသောအရာများကို အကြွင်းမဲ့သိမြင်တော်မူ၏။ |
Ghazi Mohammad Hashim တစ်ဖန် (ယင်းကဲ့သို့) စိတ်ဆင်းရဲခြင်းဖြစ် ကြပြီးနောက် (စိတ်ချမ်းသာစေရန်) ထိုအရှင်မြတ်သည် အသင်တို့အပေါ် ၌ ဘေးရန်ကင်းငြိမ်းခြင်း တည်းဟူသော ငိုက်မျည်းခြင်းကို ချပေးတော်မူခဲ့လေသည်။ ယင်းငိုက်မျည်းခြင်းသည်အသင်တို့ အနက်မှ လူတစ်စုကို လွှမ်းမိုးခဲ့လေသည်။ သို့ရာတွင်(မုနာဖစ်က်မည်သော) လူတစ်စုမှာမူ၊ မိမိတို့၏ အသက်(ဘေးအန္တရာယ်)များကိုသာ စိုးရိမ်နေခဲ့ကြကုန်သည်။ ထိုသူတို့ကားအလ္လာဟ်အရှင်မြတ်နှင့် ပတ်သက်၍ မမှန်ကန်သော၊ မိုက်မဲသော(ခေတ်က) ထင်မြင်ယူဆချက်မျိုးကို ယူဆခဲ့ကြ ကုန်၏။ထိုသူတို့က အကျွန်ုပ်တို့၌ (ယခုတွေ့ကြုံနေ ရသော ကိစ္စနှင့်စပ်လျဉ်း၍) တစုံတရာ ပြောရေးဆိုခွင့် အမိန့်အာဏာများရှိပါသလား ဟုပြောဆိုကြ၏။ (အို-နဗီတမန်တော်) အမိန့်အာဏာ အားလုံးတို့သည် အလ္လာဟ်အရှင်မြတ်၌သာရှိသည်ဟု အသင် ပြောကြားပါလေ။ (စစ်စစ်အားဖြင့်) ထိုသူတို့သည်မိမိတို့စိတ်တွင်း၌ ထိမ်ချန်ထားရှိသမျှတို့ကို အသင့်အား (ပွင့်လင်းစွာ) ထုတ်ဖော်(ပြောဆို)ကြသည်မဟုတ်ပေ။ ယင်းသူတို့က အကယ်၍သာ အကျွန်ုပ်တို့၌ တစ်စုံတစ်ရာမျှသောအမိန့်အာဏာသည် ရှိခဲ့ပါမူ အကျွန်ုပ်တို့သည် ဤနေရာ (စစ်မြေပြင်)၌ အသတ်ခံကြရမည်မဟုတ်ပေ ဟု ပြောဆိုကြကုန်၏။ (အို-နဗီတမန်တော်) အသင်သည် (ဤသို့) ပြောကြားပါလေ။ အကယ်၍ အသင်တို့သည် မိမိတို့အိမ်များ၌ပင်ရှိနေကြသည့်တိုင်အောင် (ရှေးဦးမစွက) အသတ်ခံရန် သတ်မှတ်ပြဋ္ဌာန်းပြီး ဖြစ်ကြသောသူတို့မှာကား မိမိတို့အသတ်ခံရမည့်နေရာများသို့ မုချထွက်လာကြရမည်သာဖြစ်၏။ စင်စစ်သော်ကား (ယင်းကဲ့သို့ဖြစ်ခဲ့ရသည်မှာ) အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏ ရင်များအတွင်း၌ရှိသော (ယုံကြည်မှု)ကိုစမ်းသပ်တော်မူခြင်းငှာလည်းကောင်း၊ အသင်တို့ စိတ်နှလုံးများ၌ရှိသော (အညစ်အကြေးတို့)ကို သန့်ရှင်းစင်ကြယ် စေတော်မူခြင်းငှာလည်းကောင်း၊ ဖြစ်ချေသည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (လူသားတို့၏) ရင်များအတွင်း၌ရှိသည့် အရာတို့ကို အကြွင်းမဲ့သိရှိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။ |
Hashim Tin Myint ထို့နောက် ထိုစိတ်ဆင်းရဲမှု ဖြစ်ကြပြီးသောအခါ အရှင်မြတ်က အသင်တို့အပေါ် ငြိမ်းချမ်းမှုဟုခေါ်သော ငိုက်မျဉ်းခြင်းကို ချပေးတော်မူခဲ့သည်။ ၎င်းငိုက်မျဉ်းခြင်း*သည် အသင်တို့ထဲမှ လူတစ်စုကို လွှမ်းမိုးခဲ့သည်။ ၎င်းပြင် (မုနာဖိက်)လူတစ်စုကမူ သူတို့၏အသက်များကိုပင် စိုးရိမ်နေခဲ့ကြသည်။* သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့် ပတ်သက်၍ မမှန်ကန်သော အမိုက်ခေတ်မှ ထင်မြင်ယူဆချက်မျိုးကို ယူဆခဲ့ကြသည်။* သူတို့က ပြောဆိုကြသည်၊ “ကျွန်ုပ်တို့တွင် (ယခုတွေ့ကြုံရသောကိစ္စများနှင့် ပတ်သက်၍) တစ်စုံတစ်ရာ ရွေးချယ်ခွင့် အမိန့်အာဏာရှိပါသလော“*၊ (အို- တမန်တော်)အသင် ပြောလိုက်ပါ၊ “အမှန်စင်စစ် အမိန့်အာဏာအားလုံးသည် အလ္လာဟ်အရှင်မြတ်၌သာ ရှိသည်“။ သူတို့သည် သူတို့၏စိတ်များထဲတွင် ထိမ်ချန်ထားသည်များကို အသင့်အား ထုတ်ဖော်(ပြော)ကြသည် မဟုတ်ပေ။ သူတို့က ပြောကြသည်၊ “အကယ်၍ ကျွန်ုပ်တို့တွင် တစ်စုံတစ်ရာ ရွေးချယ်ခွင့် အမိန့်အာဏာသာရှိခဲ့လျှင် ကျွန်ုပ်တို့သည် ဤနေရာ(စစ်မြေပြင်)တွင် အသတ်ခံကြရမည် မဟုတ်ပေ။“ (အို- တမန်တော်)အသင် ပြောလိုက်ပါ၊ အကယ်၍ အသင်တို့သည် အသင်တို့၏အိမ်များ၌ပင်ရှိနေလျှင်လည်း အသတ်ခံရရန် သတ်မှတ်ပြီးဖြစ်သောသူများသည် အသတ်ခံရမည့်နေရာများသို့ အမှန်ပင် ထွက်လာကြရမည်ဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏ရင်များထဲ၌ရှိသောအရာ(ယုံကြည်မှု)ကို စမ်းသပ်တော်မူရန်နှင့် အသင်တို့၏စိတ်နှလုံးများထဲ၌ရှိသောအရာ(အညစ်အကြေး)များကို သန့်ရှင်း စင်ကြယ်စေတော်မူရန်ဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် (လူသားများ၏) ရင်များထဲ၌ရှိသောအရာကို အကြွင်းမဲ့သိတော်မူသောအရှင် ဖြစ်တော်မူသည်။ |