×

ထို့ပြင် သင်တို့သည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ အသတ်ခံရသည်ဖြစ်စေ၊ (ဘဝကူးပြောင်းချိန်ရောက်၍) ကွယ်လွန်သေဆုံးသည်ဖြစ်စေ၊ အလ္လာဟ်အရှင်မြတ်၏ထံတော်မှ လွှတ်ငြိမ်းချမ်းသာခွင့်နှင့်ကရုဏာရခဲ့လျှင် သူတို့အားလုံးသည် (ဤလောကီဘဝ၌) ရှာဖွေစုဆောင်းသမျှထက် ပိုမို၍ 3:157 Burmese translation

Quran infoBurmeseSurah al-‘Imran ⮕ (3:157) ayat 157 in Burmese

3:157 Surah al-‘Imran ayat 157 in Burmese (البورمية)

Quran with Burmese translation - Surah al-‘Imran ayat 157 - آل عِمران - Page - Juz 4

﴿وَلَئِن قُتِلۡتُمۡ فِي سَبِيلِ ٱللَّهِ أَوۡ مُتُّمۡ لَمَغۡفِرَةٞ مِّنَ ٱللَّهِ وَرَحۡمَةٌ خَيۡرٞ مِّمَّا يَجۡمَعُونَ ﴾
[آل عِمران: 157]

ထို့ပြင် သင်တို့သည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ အသတ်ခံရသည်ဖြစ်စေ၊ (ဘဝကူးပြောင်းချိန်ရောက်၍) ကွယ်လွန်သေဆုံးသည်ဖြစ်စေ၊ အလ္လာဟ်အရှင်မြတ်၏ထံတော်မှ လွှတ်ငြိမ်းချမ်းသာခွင့်နှင့်ကရုဏာရခဲ့လျှင် သူတို့အားလုံးသည် (ဤလောကီဘဝ၌) ရှာဖွေစုဆောင်းသမျှထက် ပိုမို၍ ကောင်းမြတ်မှုကို ရရှိနိုင်၏။

❮ Previous Next ❯

ترجمة: ولئن قتلتم في سبيل الله أو متم لمغفرة من الله ورحمة خير, باللغة البورمية

﴿ولئن قتلتم في سبيل الله أو متم لمغفرة من الله ورحمة خير﴾ [آل عِمران: 157]

Ba Sein
၁၅၇။ သင်တို့သည် အလ္လာဟ်အသျှင်မြတ်၏ လမ်းတော်၌ အသတ်ခံရခြင်းကိုသော်လည်းကောင်း၊ သေရခြင်းကိုသော်လည်းကောင်း၊ မနှစ်သက်ကြဘူးလော့။ အမှန်မှာ အလ္လာဟ်အသျှင်မြတ်၏ အပြစ်လွှတ်ခြင်းနှင့် ကောင်းကြီးမင်္ဂလာတော်သည် သူတို့ရှာဖွေစုဆောင်းထားသော ဥစ္စာပစ္စည်းများ အားလုံးထက် သာလွန်ကောင်းမြတ်၏။
Ghazi Mohammad Hashim
သို့ရာတွင်မူကား စင်စစ် အကယ်၍ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ အသတ်ခံကြရသည်ဖြစ်စေ၊ သို့တည်းမဟုတ် သေဆုံးကြသည်ဖြစ်စေ၊ သို့ဖြစ်လျှင် အလ္လာဟ်အရှင်မြတ်အထံတော်မှ ခွင့်လွှတ်ချမ်းသာပေးသနား တော်မူခြင်းသည်လည်းကောင်း၊ ကရုဏာတော်သည်လည်းကောင်း။ ထို(ကာဖိရ်)တို့ စုဆောင်းကြကုန်သော အရာဝတ္ထုများထက် မုချဧကန် သာလွန်၍ ကောင်းမြတ်ပေသည်။
Hashim Tin Myint
ထို့ပြင် အသင်တို့သည် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်၏လမ်း‌တော်တွင် အသတ်ခံရလျှင် သို့မဟုတ် ‌သေဆုံးသွားလျှင်လည်း အလ္လာဟ်အရှင်မြတ်ထံ‌တော်မှ မဂ်ဖိရသ် လွတ်ငြိမ်းချမ်းသာခွင့်နှင့် ရဟ်မသ် သနားကြင်နာမှုသည် သူတို့စု‌ဆောင်းကြ‌သောအရာများထက် အမှန်ပင် ပို၍‌ကောင်းမြတ်‌ပေသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek