Quran with Burmese translation - Surah al-‘Imran ayat 168 - آل عِمران - Page - Juz 4
﴿ٱلَّذِينَ قَالُواْ لِإِخۡوَٰنِهِمۡ وَقَعَدُواْ لَوۡ أَطَاعُونَا مَا قُتِلُواْۗ قُلۡ فَٱدۡرَءُواْ عَنۡ أَنفُسِكُمُ ٱلۡمَوۡتَ إِن كُنتُمۡ صَٰدِقِينَ ﴾
[آل عِمران: 168]
﴿الذين قالوا لإخوانهم وقعدوا لو أطاعونا ما قتلوا قل فادرءوا عن أنفسكم﴾ [آل عِمران: 168]
Ba Sein ၁၆၈။ အကြင်သူတို့သည် မိမိတို့အိမ်များတွင်နေကြစဉ် အလ္လာဟ်အသျှင်မြတ်ဘက်တော်၌ စစ်ခင်းနေသော မိမိတို့သားချင်းအကြောင်းကို ဤသို့ဆိုကြ၏။ သူတို့သည် အကျွနု်ပ်တို့၏စကားကို နားထောင်ခဲ့လျှင် သတ်ဖြတ်ခြင်းကို ခံကြရမည်မဟုတ်ပေ။ အို-မိုဟမ္မဒ် ထိုသူတို့အား ဟယ် အချင်းတို့ သင်တို့ အမှန်စကားကိုဆိုကြလျှင် သင်တို့သည် မိမိတို့ထံမှ သေခြင်းကို လွဲသွားစေကြလော့ဟု သင်ပြောကြား လော့။ |
Ghazi Mohammad Hashim ထိုသူတို့သည် (စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်စဉ်က) ကိုယ်တိုင် (မိမိတို့အိမ်များတွင်) ထိုင်နေခဲ့ကြပါလျက်(အုဟုဒ်စစ်မြေပြင်၌ကျဆုံးခဲ့သော) မိမိတို့၏ ညီသားအစ်ကိုများနှင့် ပတ်သက်ပြီး အကယ်၍သာ ထိုသူတို့သည် ကျွန်ုပ်တို့(ပြောစကား)ကို နာယူခဲ့ကြပါမူ (ယင်းကဲ့သို့) သတ်ဖြတ်ခြင်းခံကြရမည် မဟုတ်ပေတကား ဟု ပြောဆို (ဝေဘန်) ကြကုန်သည်။ (အို-နဗီတမန်တော်) အသင်သည် (ထိုသူတို့ အား)သို့ဖြစ်လျှင် အကယ်၍သာ အသင်တို့သည် မှန်ကန်စွာပြောဆိုသူများဖြစ်ခဲ့ကြပါလျှင် မိမိ တို့ကိုယ်မှ ‘မရဏ’ သေခြင်းတရားကို ဖယ်ရှား ကြပါလေကုန် ဟု ပြောဆိုဖြေကြားပါလေ။ |
Hashim Tin Myint သူတို့သည် (သူတို့အိမ်များ၌)ထိုင်နေခဲ့ပြီး (အုဟုဒ် စစ်ပွဲတွင်ကျဆုံးခဲ့သော) သူတို့၏ညီနောင်များနှင့်ပတ်သက်၍ ဝေဖန်ပြောဆိုကြသည်၊ “အကယ်၍သာ သူတို့သည် ကျွန်ုပ်တို့(၏စကား)ကို နားထောင်ခဲ့လျှင် သတ်ဖြတ်ခြင်းခံကြရမည် မဟုတ်ပေ“။ (အို- တမန်တော်)အသင်ပြောလိုက်ပါ၊ “သို့ဖြစ်ပါက အသင်တို့သည် အမှန်ပြောဆိုသောသူများဖြစ်ကြလျှင် အသင်တို့အပေါ်တွင် ကျရောက်လာမည့် သေခြင်းတရားကို ဖယ်ရှားလိုက်ကြပါ။“ |