Quran with Burmese translation - Surah al-‘Imran ayat 167 - آل عِمران - Page - Juz 4
﴿وَلِيَعۡلَمَ ٱلَّذِينَ نَافَقُواْۚ وَقِيلَ لَهُمۡ تَعَالَوۡاْ قَٰتِلُواْ فِي سَبِيلِ ٱللَّهِ أَوِ ٱدۡفَعُواْۖ قَالُواْ لَوۡ نَعۡلَمُ قِتَالٗا لَّٱتَّبَعۡنَٰكُمۡۗ هُمۡ لِلۡكُفۡرِ يَوۡمَئِذٍ أَقۡرَبُ مِنۡهُمۡ لِلۡإِيمَٰنِۚ يَقُولُونَ بِأَفۡوَٰهِهِم مَّا لَيۡسَ فِي قُلُوبِهِمۡۚ وَٱللَّهُ أَعۡلَمُ بِمَا يَكۡتُمُونَ ﴾
[آل عِمران: 167]
﴿وليعلم الذين نافقوا وقيل لهم تعالوا قاتلوا في سبيل الله أو ادفعوا﴾ [آل عِمران: 167]
Ba Sein ၁၆၇။ ထို့ပြင် အသျှင်မြတ်သည် ယုံကြည်သူဟန်ဆောင်သောသူတို့ကို သိမြင်စေစိမ့်ငှာ သူတို့အား ဟယ် အချင်းတို့ လာကြလော့။ အလ္လာဟ်အသျှင်မြတ်၏ဘက်တော်၌ စစ်တိုက်ကြလော့။ သို့မဟုတ် မိမိတို့ကိုယ်ကို မိမိတို့ ကာကွယ်ကြလော့ဟု မိန့်တော်မူ၏။ သူတို့က အကယ်၍ အကျွနု်ပ်တို့သည် စစ်တိုက်အတတ် တစ်စုံတစ်ခုကို တတ်ပါလျှင် အကျွနု်ပ်တို့သည် သင်တို့နှင့်အတူ လိုက်ခဲ့ပါမည်ဟု ပြန်ပြောကြ၏။ ထိုနေ့၌ သူတို့သည် ယုံကြည်မှုထက် မယုံကြည်မှုနှင့်သာ နီးစပ်ကြ၏။ (သူတို့သည် မိမိတို့စိတ်နှလုံးတွင်မရှိသောအရာကို မိမိတို့ပါးစပ်များဖြင့်ဆိုကြ၏။) အလ္လာဟ်အသျှင်မြတ်သည် သူတို့လျှို့ဝှက်ထားသည်ကို အသိမြင်ဆုံးဖြစ်တော်မူ၏။ |
Ghazi Mohammad Hashim ထိုနည်းတူစွာ (ယင်းကဲ့သို့ ဆင်းရဲဒုက္ခ ဆိုက်ရောက်ခြင်းမှာ) ထိုအရှင်မြတ်သည် မုစ်လင်မ် ယောင်ဆောင်သောသူတို့ကို သိရှိတော်မူခြင်းငှာ ဖြစ်ချေသည်။ စင်စစ် ထို(မုစ်လင်မ်ယောင်ဆောင် သော)သူတို့အား (ဟယ်-အချင်းတို့)အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ တရားလမ်းတော်၌လာရောက် တိုက်ခိုက်ကြလေကုန်။ သို့တည်းမဟုတ် ခုခံကြလေကုန် ဟု ပြောဆိုသောအခါထိုသူတို့က အကယ်၍သာ(စံနစ်ကျသော) စစ်ပွဲဟု ကျွန်ုပ်တို့ယူဆခဲ့ပါလျှင် ဧကန်မလွဲအသင်တို့နှင့် အတူ လိုက်ခဲ့ကြမည် ဟု ဖြေဆိုကြကုန်သည်။ထိုသူတို့သည်(ယင်းကဲ့သို့ ဖြေဆိုသော)နေ့တွင် အီမာန်ယုံကြည်ခြင်းဘက်ထက်ကုဖ်ရ်ငြင်းပယ်ခြင်းဘက်သို့ ပို၍ နီးကပ်သူများဖြစ်ခဲ့ကြကုန်၏။ ထိုသူတို့သည် မိမိတို့စိတ်နှလုံး၌ မရှိသော အကြောင်းအရာများကို မိမိတို့နှုတ်များဖြင့်ပြောဆို ကြလေသည်။ သို့ရာတွင်မူကား အလ္လာဟ် အရှင်မြတ်သည် ထိုသူတို့ထိမ်ချန်လျှို့ဝှက်ကြကုန်သော အကြောင်းအရာများကို အကြွင်းမဲ့သိရှိ တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူလေသည်။ |
Hashim Tin Myint ၎င်းပြင် မွတ်စ်လင်မ် အယောင်ဆောင်သူများအား သိရှိ(ထုတ်ဖော်)တော်မူရန်လည်း ဖြစ်သည်။ ထို့ပြင် ထိုသူများအား “အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်တွင် လာရောက်တိုက်ခိုက်ကြပါ၊ သို့မဟုတ် ခုခံကြပါ“ဟူ၍ ပြောဆိုခြင်းခံရသောအခါတွင် ထိုသူများက “အကယ်၍သာ (စနစ်ကျသော)စစ်ပွဲဖြစ်မည်ဟု ကျွန်ုပ်တို့ သိရှိ(ယူဆ)ခဲ့မည်ဆိုလျှင် အသင်တို့နှင့်အတူ လိုက်ခဲ့ကြမည် အမှန်ပင်“ဟု ပြောဆိုကြသည်။ သူတို့သည် ထို(သို့ ပြောဆိုသော)နေ့တွင် အီမာန်ယုံကြည်မှုဘက်ထက် ကုဖ်ရ်ငြင်းပယ်မှုဘက်ကို ပိုနီးကပ်သောသူများ ဖြစ်ကြသည်။* သူတို့သည် သူတို့၏စိတ်များထဲ၌ မရှိသည်များကို သူတို့၏နှုတ်များဖြင့် ပြောဆိုကြသည်။ (အကယ်၍ ထိုသို့သော စစ်ပွဲမျိုးဖြစ်မည်ဟု ၎င်းတို့ သိရှိကြလျှင်လည်း စစ်တိုက်ရန် အသင်တို့နှင့် လိုက်ကြမည် မဟုတ်ပေ။) ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် သူတို့ ထိမ်ချန်သောအရာများကို အသိဆုံးအရှင် ဖြစ်တော်မူသည်။ |