×

(အုဟူဒ်စစ်ပွဲတွင် ရန်သူလက်ချက်ဖြင့်) ဒဏ်ရာဒဏ်ချက်ဖြင့် အတိဒုက္ခရောက်ခဲ့ပြီးနောက်မှပင် အလ္လာဟ်အရှင်မြတ်နှင့်ရစူလ်တမန်တော်တို့ (၏အမိန့်သွင်သင်ချက်များကို တသွေမတိမ်းလိုက်နာရန် အသင့်ရှိကြောင်း ပြသရန်) အတွက် တုံ့ပြန်ဖြေဆိုကြသူတို့သည် သူတို့၏လူ့ဘောင်အသိုင်းအဝိုင်းအတွင်းရှိ 3:172 Burmese translation

Quran infoBurmeseSurah al-‘Imran ⮕ (3:172) ayat 172 in Burmese

3:172 Surah al-‘Imran ayat 172 in Burmese (البورمية)

Quran with Burmese translation - Surah al-‘Imran ayat 172 - آل عِمران - Page - Juz 4

﴿ٱلَّذِينَ ٱسۡتَجَابُواْ لِلَّهِ وَٱلرَّسُولِ مِنۢ بَعۡدِ مَآ أَصَابَهُمُ ٱلۡقَرۡحُۚ لِلَّذِينَ أَحۡسَنُواْ مِنۡهُمۡ وَٱتَّقَوۡاْ أَجۡرٌ عَظِيمٌ ﴾
[آل عِمران: 172]

(အုဟူဒ်စစ်ပွဲတွင် ရန်သူလက်ချက်ဖြင့်) ဒဏ်ရာဒဏ်ချက်ဖြင့် အတိဒုက္ခရောက်ခဲ့ပြီးနောက်မှပင် အလ္လာဟ်အရှင်မြတ်နှင့်ရစူလ်တမန်တော်တို့ (၏အမိန့်သွင်သင်ချက်များကို တသွေမတိမ်းလိုက်နာရန် အသင့်ရှိကြောင်း ပြသရန်) အတွက် တုံ့ပြန်ဖြေဆိုကြသူတို့သည် သူတို့၏လူ့ဘောင်အသိုင်းအဝိုင်းအတွင်းရှိ ကောင်းမှုပြုလုပ် သူတို့အတွက် အကောင်းဆုံးဖြစ်အောင်လုပ်နိုင်ရန် အရှင်မြတ်ကို စိုးရွံ့ထိတ်လန့် (၍အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံး) သောကြောင့် ကြီးမားလှသည့် အကျိုးဆုလဒ်များ ရရှိကြသည်။

❮ Previous Next ❯

ترجمة: الذين استجابوا لله والرسول من بعد ما أصابهم القرح للذين أحسنوا منهم, باللغة البورمية

﴿الذين استجابوا لله والرسول من بعد ما أصابهم القرح للذين أحسنوا منهم﴾ [آل عِمران: 172]

Ba Sein
၁၇၂။ အကြင်သူတို့သည် စစ်မြေပြင်၌ ဒဏ်ရာရပြီးနောက် အသျှင်မြတ်နှင့် တမန်တော်၏ စစ်တိုက်ရန် အမိန့်တော်ကို နာခံကြ၏။ ထိုသူတို့အနက် တရားမှုကိုပြုကျင့်၍ မတရားမှုကို ရှောင်ရှားသော သူတို့အဖို့ရာ အောင်ဆုမင်္ဂလာတော်ကြီးရှိ၏။
Ghazi Mohammad Hashim
အကြင်သူတို့သည်(အုဟုဒ်စစ်မြေပြင်၌) ဒဏ်ရာဒဏ်ချက်များ ရရှိပြီးနောက်တွင် အလ္လာဟ် အရှင်မြတ်နှင့်ရစူလ်တမန်တော်၏ ဖိတ်ခေါ်ချက်ကို က်ခံနာယူခဲ့ကြကုန်သည်။ ထိုသူတို့အနက်မှ ကောင်းမြတ်သော အကျင့် အမူတို့ကိုကျင့်မူသည့်အပြင် (ပြစ်မှုဒုစရိုက်တို့မှလည်း) ကြဉ်ရှောင်ကြကုန်သော သူတို့အဖို့မှာကား အလ္လာဟ်အရှင်မြတ်အထံတော်၌ထူးမြတ်ကြီးကျယ် လှသောအကျိုးဆုလာဘ်သည် အသင့်ရှိပေသည်။
Hashim Tin Myint
အကြင်သူများသည် (အုဟုဒ်စစ်ပွဲ၌) ဒဏ်ရာများရပြီး‌နောက် အလ္လာဟ်အရှင်မြတ်နှင့် ရစူလ်တမန်‌တော်၏ ဖိတ်‌ခေါ်ချက်ကို လက်ခံခဲ့ကြသည်။ သူတို့ထဲမှ ‌ကောင်း‌သောလုပ်ရပ်များကို ပြုလုပ်ပြီး အပြစ်‌ရှောင်ကြဉ်ကြ‌သောသူများအတွက် အရှင်မြတ်ထံတွင် ကြီးမား‌သော အကျိုးရလာဒ်ရှိမည်ဖြစ်သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek