×

(မည်သည့် လူသားအကျိုးပြုလုပ်ငန်းနှင့်ကောင်းမှုကိုမျှမလုပ်ရဘဲ) လူထုရှေ့မှောက်သို့ခေါ်လာခြင်းခံရပြီး (ဂုဏ်ပြုခံရမည်ကို မျှော်လင့်လျက်) ပျော်မြူးနိုင်ရန်နှင့်သူတို့မလုပ်ခဲ့သည့် (ထိုမကောင်းမှုများအတွက်) ချီးမွမ်း ခံရမည် (ဟု စိတ်ကူးယဉ်လျက်) မထွက်ချက်၊ 3:188 Burmese translation

Quran infoBurmeseSurah al-‘Imran ⮕ (3:188) ayat 188 in Burmese

3:188 Surah al-‘Imran ayat 188 in Burmese (البورمية)

Quran with Burmese translation - Surah al-‘Imran ayat 188 - آل عِمران - Page - Juz 4

﴿لَا تَحۡسَبَنَّ ٱلَّذِينَ يَفۡرَحُونَ بِمَآ أَتَواْ وَّيُحِبُّونَ أَن يُحۡمَدُواْ بِمَا لَمۡ يَفۡعَلُواْ فَلَا تَحۡسَبَنَّهُم بِمَفَازَةٖ مِّنَ ٱلۡعَذَابِۖ وَلَهُمۡ عَذَابٌ أَلِيمٞ ﴾
[آل عِمران: 188]

(မည်သည့် လူသားအကျိုးပြုလုပ်ငန်းနှင့်ကောင်းမှုကိုမျှမလုပ်ရဘဲ) လူထုရှေ့မှောက်သို့ခေါ်လာခြင်းခံရပြီး (ဂုဏ်ပြုခံရမည်ကို မျှော်လင့်လျက်) ပျော်မြူးနိုင်ရန်နှင့်သူတို့မလုပ်ခဲ့သည့် (ထိုမကောင်းမှုများအတွက်) ချီးမွမ်း ခံရမည် (ဟု စိတ်ကူးယဉ်လျက်) မထွက်ချက်၊ မတွေးတော၊ မထင်မှတ်ကြလေနှင့်။ (လူသားအကျိုးမပြုဘဲ လာဘ်တိုး၍လည်းကောင်း၊ လိမ်လည်လှည့်စား၍လည်းကောင်း၊ လူထုကို အယုံသွင်းနိုင်ခြင်းဖြင့် ဂုဏ်ပြုခံရ သည့်တိုင်) အရှင်မြတ်၏ပြစ်ဒဏ်မှ လွှတ်မြောက်နိုင်ကြမည်ဟု မည်သည့်အခါမျှ စိတ်ကူးယဉ် မထင်မှတ်၊ မတွေး မြင်ကြလေနှင့်။ သူတို့အတွက် အရှင့်ထံတော်၌ စူးရှ ပြင်းထန်သော ပြစ်ဒဏ်နှင့်ပြစ်တင်ရှုံ့ချမှုများလည်း ရှိ၏။

❮ Previous Next ❯

ترجمة: لا تحسبن الذين يفرحون بما أتوا ويحبون أن يحمدوا بما لم يفعلوا, باللغة البورمية

﴿لا تحسبن الذين يفرحون بما أتوا ويحبون أن يحمدوا بما لم يفعلوا﴾ [آل عِمران: 188]

Ba Sein
၁၈၈။ အကြင်သူတို့သည် မိမိတို့ပြုကျင့်မှု၌ ဂုဏ်ယူကြ၏။ မိမိတို့မပြုသောအမှုအတွက် ချီးမွမ်းခံလိုကြ၏။ ထိုသူတို့သည် အပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာသည်ဟုမထင်မှတ်ကြလင့်။ အလွန်ပြင်းပြသော အပြစ်ဒဏ်သည် သူတို့၏အပြစ်ဒဏ်ဖြစ်၏။
Ghazi Mohammad Hashim
(အို-နဗီတမန်တော်) အသင်သည် အလျင်းမထင်မှတ်လေနှင့်။ အကြင်သူတို့သည် မိမိတို့၏ (မဟုတ်မလျား) အကျင့်မှားဖြင့် အားရဝမ်းသာ မွေ့လျော်ပျော်ရွှင်လျက်ရှိကြကုန်၏။ ၎င်းပြင် ထိုသူတို့သည် မိမိတို့ မပြုခဲ့ကြသော(ကောင်းမှု)ကိစ္စနှင့်စပ်လျဉ်း၍ (လူအများ၏) ချီးမွမ်းခြင်းကိုခံလိုကြကုန်၏။ သို့ဖြစ်ပေရာ အသင်သည် ထိုသူတို့အား (ဤလောကတွင်လည်း) ပြစ်ဒဏ်မှ လွတ်မြောက်ကြမည်ဟူ၍အလျင်း မထင်မှတ်လေနှင့်။ ၎င်းပြင် ထိုသူတို့အဖို့ (နောင်တမလွန်ဘဝ၌လည်း) ပြင်းပြနာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်သည် (အသင့်) ရှိချေသတည်း။
Hashim Tin Myint
အသင်(တမန်‌တော်)လုံးဝ မထင်မှတ်‌လေနှင့်၊ အကြင်သူများသည် သူတို့ပြုလုပ်‌သောအရာများနှင့် ‌ပျော်‌မွေ့‌နေကြသည်။ ၎င်းပြင် သူတို့သည် သူတို့မပြုခဲ့ကြ‌သော (‌ကောင်း‌သော)ကိစ္စများနှင့်ပတ်သက်၍ ချီးမွမ်းခံလိုကြသည်။ သို့ဖြစ်ရာ အသင်သည် သူတို့ကို (ဤဘဝ၏)အပြစ်ဒဏ်မှ လွတ်‌မြောက်ကြလိမ့်မည်ဟု လုံးဝ မထင်နှင့်။ ထို့ပြင် သူတို့အတွက် (တမလွန်ဘဝ၌လည်း) ပြင်းပြနာကျင်‌စေ‌သော အပြစ်ဒဏ်ရှိသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek