Quran with Burmese translation - Surah al-‘Imran ayat 51 - آل عِمران - Page - Juz 3
﴿إِنَّ ٱللَّهَ رَبِّي وَرَبُّكُمۡ فَٱعۡبُدُوهُۚ هَٰذَا صِرَٰطٞ مُّسۡتَقِيمٞ ﴾
[آل عِمران: 51]
﴿إن الله ربي وربكم فاعبدوه هذا صراط مستقيم﴾ [آل عِمران: 51]
Ba Sein ၅၁။ မှတ်သားကြလော့။ အလ္လာဟ်အသျှင်မြတ်သည် ငါ၏အသျှင်သခင်ဖြစ်တော်မူ၏။ သင်တို့၏ အသျှင်သခင်ကလည်း ဖြစ်တော်မူ၏။ ထို့ကြောင့် အသျှင်မြတ်အား ခဝပ်ကိုးကွယ်ကြလော့။ ယင်းအယူသည် လမ်းမှန်ဖြစ်၏။ |
Ghazi Mohammad Hashim ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည်အကျွန်ုပ်ကို မွေးမြူတော်မူသော အရှင်လည်း ဖြစ်တော်မူ၏။အသင်တို့ကို မွေးမြူတော်မူသော အရှင်မြတ်လည်း ဖြစ်တော်မူ၏။ သို့ဖြစ်ပေရာ အသင်တို့သည် ထိုအရှင်မြတ်ကိုသာလျှင်ခဝပ် ကိုးကွယ်ကြကုန်။ ဤကား ဖြောင့်မတ်မှန်ကန်သောတရားလမ်းပင် ဖြစ်ချေသတည်း။ |
Hashim Tin Myint အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်နှင့်အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင် ဖြစ်တော်မူသည်။ သို့ဖြစ်ရာ အသင်တို့သည် အရှင်မြတ်ကိုသာ ခဝပ်ကိုးကွယ်ကြပါ။ ဤသည် ဖြောင့်မတ်မှန်ကန်သော တရားလမ်းပင်ဖြစ်သည်။ |