﴿۞ فَلَمَّآ أَحَسَّ عِيسَىٰ مِنۡهُمُ ٱلۡكُفۡرَ قَالَ مَنۡ أَنصَارِيٓ إِلَى ٱللَّهِۖ قَالَ ٱلۡحَوَارِيُّونَ نَحۡنُ أَنصَارُ ٱللَّهِ ءَامَنَّا بِٱللَّهِ وَٱشۡهَدۡ بِأَنَّا مُسۡلِمُونَ ﴾
[آل عِمران: 52]
(တမန်တော်အီစာသည် သူတို့အား နှစ်အတော်ကြာ အရှင့်လမ်းစဉ်တော်ဘက်သို့ ဖိတ်ခေါ်ခဲ့ပြီးနောက်) သူတို့ထဲတွင် မယုံကြည်သူ (နှင့် အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) များရှိနေကြောင်း သူသည် သတိမူ သိမြင်လာသည့်အခါ “အလ္လာဟ်အရှင်မြတ် (၏ ဖြောင့်မတ်မှန်ကန်ပြီး မြဲမြံတည်တံ့သော လမ်းစဉ်တော်) အတွက် မည်သူက ကျွန်ုပ်အား ကူညီသူ ဖြစ်လိုသနည်း။” ဟု မေးမြန်းသော် သူ၏နောက်လိုက် သာဝကများဖြစ်သော ဟဝါရီတို့က “ကျွန်ုပ်တို့သည် (အရှင်မြတ်၏လမ်းစဉ်တော်အတွက်) ကူညီသူများဖြစ်ရန် အလ္လာဟ်အရှင်မြတ်အပေါ် အပြည့်အဝ ယုံကြည်ပါ၏။ ကျွန်ုပ်တို့သည် (ကိုယ်စိတ်နှလုံးတို့အား အရှင်မြတ်ထံသာ နာခံအပ်နှံသော) မွတ်စလင်များ ဖြစ်ကြောင်းကို သက်သေခံရန် (အသင်တမန်တော်ထံ) လျှောက်တင်ပါ၏။” ဟု ဖြေဆိုခဲ့ကြ၏။
ترجمة: فلما أحس عيسى منهم الكفر قال من أنصاري إلى الله قال الحواريون, باللغة البورمية
﴿فلما أحس عيسى منهم الكفر قال من أنصاري إلى الله قال الحواريون﴾ [آل عِمران: 52]