×

(မယုံကြည်သူများနှင့်အမှန်တရားကို ဖီဆန်ငြင်းပယ်သူများဖြစ်ကြသော) သူတို့က ''ကျွန်ုပ်တို့သည် (ကွယ်လွန်ပြီးနောက်) မြေကမ္ဘာ၌ ဆွေးမြည့်ပျောက်ကွယ်သွားကြသောအခါ အမှန်ပင် ယင်း (မြေကမ္ဘာ) ၌ အသစ်တစ်ဖန် 32:10 Burmese translation

Quran infoBurmeseSurah As-Sajdah ⮕ (32:10) ayat 10 in Burmese

32:10 Surah As-Sajdah ayat 10 in Burmese (البورمية)

Quran with Burmese translation - Surah As-Sajdah ayat 10 - السَّجدة - Page - Juz 21

﴿وَقَالُوٓاْ أَءِذَا ضَلَلۡنَا فِي ٱلۡأَرۡضِ أَءِنَّا لَفِي خَلۡقٖ جَدِيدِۭۚ بَلۡ هُم بِلِقَآءِ رَبِّهِمۡ كَٰفِرُونَ ﴾
[السَّجدة: 10]

(မယုံကြည်သူများနှင့်အမှန်တရားကို ဖီဆန်ငြင်းပယ်သူများဖြစ်ကြသော) သူတို့က ''ကျွန်ုပ်တို့သည် (ကွယ်လွန်ပြီးနောက်) မြေကမ္ဘာ၌ ဆွေးမြည့်ပျောက်ကွယ်သွားကြသောအခါ အမှန်ပင် ယင်း (မြေကမ္ဘာ) ၌ အသစ်တစ်ဖန် ဖွဲ့စည်းဖြစ်တည်မှုအသစ်အဖြစ် ဖြစ်လာကြမည်လော။'' ဟု မေးမြန်းပြောဆိုကြ၏။ စင်စစ် မှာမူကား ထို့သူတို့သည် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်နှင့်တွေ့ဆုံရမည်ဟူသောအချက်နှင့်စပ်လျဉ်း၍ မယုံကြည်ဖီဆန် ငြင်းပယ်သူများပင် ဖြစ်ကြ၏။

❮ Previous Next ❯

ترجمة: وقالوا أئذا ضللنا في الأرض أئنا لفي خلق جديد بل هم بلقاء, باللغة البورمية

﴿وقالوا أئذا ضللنا في الأرض أئنا لفي خلق جديد بل هم بلقاء﴾ [السَّجدة: 10]

Ba Sein
၁ဝ။ ထို့အပြင်အယူလွဲသူတို့က ငါတို့သည် မြေကြီးထဲတွင် ဆွေးမြေ့ပျက်စီးပျောက်ပျက်ပြီးနောက် ငါတို့ကို အဘယ်သို့ တဖန်ထပ်မံဖန်ဆင်းမည်နည်းဟု မေးမြန်းကြ၏၊ အမှန်ဆိုသော်ထိုသူတို့သည် သူတို့ကို ဖန်ဆင်းမွေးမြူတော် မူသောကျေးဇူးတော်သခင်အား မျက်ဝါးထင်ထင်ဖူးမျော်ရမည်ကို မယုံကြည်သူများဖြစ်ကြ၏။
Ghazi Mohammad Hashim
စင်စစ် ၎င်းတို့က အသို့ပါနည်း၊ ကျွန်ုပ်တို့သည်မြေထဲ၌ ဆွေးမြည့်ပျောက်ပျက် သွားခဲ့ကြသောအခါ အသစ်ပြန်၍ ဖန်ဆင်းခြင်းကို ခံကြရဦးမည်လော ဟုဆိုကြကုန်၏။ စင်စစ်မှာမူကား ၎င်းတို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်နှင့်တွေ့ဆုံမှုကိုပင် ငြင်းပယ်သူများ ဖြစ်ကြကုန်၏။
Hashim Tin Myint
ထို့ပြင် သူတို့က ‌ပြောဆိုကြသည်- “ကျွန်ုပ်တို့သည် ‌မြေကြီးထဲတွင် ‌ဆွေးမြည့်‌ပျောက်ကွယ်သွားကြသည့်အခါ အသစ်ပြန် ဖန်ဆင်းခြင်းခံကြရဦးမည်‌လော။“ အမှန်စင်စစ် သူတို့သည် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်နှင့် ‌တွေ့ဆုံမှုကိုပင် ငြင်းပယ်သည့်သူများ ဖြစ်ကြသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek