Quran with Burmese translation - Surah As-Sajdah ayat 13 - السَّجدة - Page - Juz 21
﴿وَلَوۡ شِئۡنَا لَأٓتَيۡنَا كُلَّ نَفۡسٍ هُدَىٰهَا وَلَٰكِنۡ حَقَّ ٱلۡقَوۡلُ مِنِّي لَأَمۡلَأَنَّ جَهَنَّمَ مِنَ ٱلۡجِنَّةِ وَٱلنَّاسِ أَجۡمَعِينَ ﴾
[السَّجدة: 13]
﴿ولو شئنا لآتينا كل نفس هداها ولكن حق القول مني لأملأن جهنم﴾ [السَّجدة: 13]
Ba Sein ၁၃။ ငါသည် အလိုတော်ရှိလျှင် ဝိညာဉ်တိုင်းကို လမ်းပြတော်မူနိုင်၏၊ ဒုစရိုက်ကောင်များနှင့်စပ်လျဉ်း၍ ပေးတော် မူသောဗျာဒိတ်သစ္စာတော်သည် အမှန်ဖြစ်၏၊ ထိုကတိသစ္စာတော်ကား ငါသည် ငရဲပြည်ကို ဂျင်နတ်သားနှင့် လူသားတို့နှင့် ဖြည့်တော်မူမည့်အကြောင်းဖြစ်၏။ |
Ghazi Mohammad Hashim စင်စစ်သော်ကား အကယ်၍သာ ငါအရှင်မြတ်သည် အလိုရှိတော်မူခဲ့ပါလျှင် လူတိုင်းလူတိုင်းအား ၎င်းတို့၏တရားလမ်းမှန်ကို ပေးတော်မူခဲ့မည်ဖြစ်၏။ သို့ရာတွင် မုချဧကန် ငါအရှင်မြတ်သည် ဂျင်န်သတ္တဝါများဖြင့်လည်းကောင်း၊လူသတ္တဝါများဖြင့်လည်းကောင်း၊ တစ်ပြိုင်နက်တည်း ဂျဟန္နမ် ငရဲဘုံကို ဖြည့်တော်မူမည်ဟူသောအမိန့်တော်သည်ငါအရှင်မြတ် အထံတော်မှ အတည်ပြုပြီးဖြစ်၏။ |
Hashim Tin Myint ထို့ပြင် အကယ်၍ ငါအရှင်မြတ်အလိုရှိတော်မူခဲ့လျှင် လူတိုင်းကို သူတို့၏ လမ်းမှန်ညွှန်ကြားပြသချက် အမှန်ပင် ပေးတော်မူခဲ့မည်ဖြစ်သည်။ သို့ရာတွင် အမှန်စင်စစ် ငါအရှင်မြတ်သည် ဂျဟန္နမ်ငရဲဘုံကို ဂျင်န်များ၊ လူများနှင့် စုပေါင်းပြီး ဖြည့်တော်မူမည်ဟု ငါအရှင်မြတ်ထံတော်မှ အမိန့်တော်သည် စင်စစ် အတည်ဖြစ်သွားခဲ့ပြီဖြစ်သည်။ |