Quran with Burmese translation - Surah As-Sajdah ayat 23 - السَّجدة - Page - Juz 21
﴿وَلَقَدۡ ءَاتَيۡنَا مُوسَى ٱلۡكِتَٰبَ فَلَا تَكُن فِي مِرۡيَةٖ مِّن لِّقَآئِهِۦۖ وَجَعَلۡنَٰهُ هُدٗى لِّبَنِيٓ إِسۡرَٰٓءِيلَ ﴾
[السَّجدة: 23]
﴿ولقد آتينا موسى الكتاب فلا تكن في مرية من لقائه وجعلناه هدى﴾ [السَّجدة: 23]
Ba Sein ၂၃။ ငါအရှင်မြတ်သည် တမန်တော်မူစာအား ကျမ်းတော်ချပေးသနားတော်မူခြင်းကို ဒွိဟသံသယမရှိကြလင့်၊ ထို့ အပြင်ငါသည် ထိုကျမ်းတော်ကို အစ္စရာအီလ်လူမျိုးတို့အဖို့အရာ အဆုံးအမအလင်းပြကျမ်းဖြစ်စေတော်မူ၏။ |
Ghazi Mohammad Hashim ၎င်းပြင် မလွဲဧကန် ငါအရှင်မြတ်သည်(နဗီတမန်တော်)မူစာအားလည်း ကျမ်းဂန်ဓမ္မက္ခန်ကို ချီးမြှင့်ပေးသနားတော်မူခဲ့ရာ အသင်သည် ဤ(ကုရ်အာန်)ကျမ်းတော်ကို ရရှိခြင်းနှင့်စပ်လျဉ်း၍ မည်သို့မျှ ဒွိဟသံသယ မရှိလေနှင့်။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် (နဗီတမန်တော်မူစာအား ချီးမြှင့်တော်မူခဲ့သော) ယင်းကျမ်းဂန်ဓမ္မက္ခန်ကို အစ္စရာအီလီ မျိုးနွယ်တို့အဖို့ တရားလမ်းညွှန်ပြုလုပ်တော်မူခဲ့၏။ |
Hashim Tin Myint ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် (တမန်တော်)မူစာကိုလည်း (အသင်တမန်တော်ကို ပေးသကဲ့သို့) ကျမ်းဂန်ပေးသနားတော်မူခဲ့သည်။ သို့ဖြစ်ရာ အသင်(တမန်တော်)သည် ၎င်း(ကျမ်းဂန်)ကိုတွေ့ဆုံမှု* နှင့်ပတ်သက်၍ မည်သည့်သံသယမျှ မရှိလေနှင့်။ ထို့ပြင် ငါအရှင်မြတ်သည် (တမန်တော်မူစာကို ပေးတော်မူခဲ့သည့်)ကျမ်းဂန်ကို အစ္စရာအီလ်မျိုးနွယ်ဝင်များအတွက် လမ်းမှန်ညွှန်ကြားပြသချက်အဖြစ် ပြုလုပ်တော်မူခဲ့သည်။ |