×

ဧကန်ပင်၊ သူတို့သည် ထို (ဖြစ်ရပ်) မတိုင်မီ (အရှင်မြတ်နှင့်တိုင်တည်၍ ကျိန်ဆိုလျက် တမန်တော်မြတ်ထံ သစ္စာဆိုခဲ့စဉ်) ''(ရန်သူတို့နှင့်ရင်ဆိုင်ရလျှင်) သူတို့က မည်သည့်အခါမျှ 33:15 Burmese translation

Quran infoBurmeseSurah Al-Ahzab ⮕ (33:15) ayat 15 in Burmese

33:15 Surah Al-Ahzab ayat 15 in Burmese (البورمية)

Quran with Burmese translation - Surah Al-Ahzab ayat 15 - الأحزَاب - Page - Juz 21

﴿وَلَقَدۡ كَانُواْ عَٰهَدُواْ ٱللَّهَ مِن قَبۡلُ لَا يُوَلُّونَ ٱلۡأَدۡبَٰرَۚ وَكَانَ عَهۡدُ ٱللَّهِ مَسۡـُٔولٗا ﴾
[الأحزَاب: 15]

ဧကန်ပင်၊ သူတို့သည် ထို (ဖြစ်ရပ်) မတိုင်မီ (အရှင်မြတ်နှင့်တိုင်တည်၍ ကျိန်ဆိုလျက် တမန်တော်မြတ်ထံ သစ္စာဆိုခဲ့စဉ်) ''(ရန်သူတို့နှင့်ရင်ဆိုင်ရလျှင်) သူတို့က မည်သည့်အခါမျှ ကျောခိုင်း၍ ထွက်ပြေးကြမည် မဟုတ်ပေ။'' ဟု အလ္လာဟ်အရှင်မြတ်နှင့်ကတိထားခဲ့၏။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်နှင့်ထားခဲ့သော ကတိဝန်ခံချက်မှာ အမှန်ပင် (တာဝန်ယူမှုတာဝန်ခံမှုနှင့်စပ်လျဉ်း၍) စစ်ဆေးမေး မြန်းခံရမည့် ကတိပင် ဖြစ်၏။

❮ Previous Next ❯

ترجمة: ولقد كانوا عاهدوا الله من قبل لا يولون الأدبار وكان عهد الله, باللغة البورمية

﴿ولقد كانوا عاهدوا الله من قبل لا يولون الأدبار وكان عهد الله﴾ [الأحزَاب: 15]

Ba Sein
၁၅။ ထို့အပြင်အမှန်ဆိုသော် သူတို့သည် အကျွနု်ပ်တို့သည် စစ်မြေပြင်ဝယ် ရန်သူတို့အား ကျောပေး၍ ထွက်မပြေးပါ ဟု အလ္လာဟ်အရှင်မြတ်အထံတော်၌ သစ္စာခံထားသူများဖြစ်ကြ၏၊ အလ္လာဟ်အရှင်မြတ်အထံတော်၌ ပြသော သစ္စာအကြောင်းနှင့်စပ်လျဉ်း၍ စစ်ကြောစီရင်ခြင်းခံရမည်သာတည်း။
Ghazi Mohammad Hashim
မချွတ်မလွဲ ၎င်းတို့သည် ရှေးဦးမဆွက ကျောခိုင်း၍ထွက်ပြေးကြမည်မဟုတ်ပါ ဟု အလ္လာဟ်အရှင်မြတ်နှင့်ကတိထားခဲ့ပြီးဖြစ်ကြကုန်၏။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်နှင့်ထားခဲ့သော ကတိဝန်ခံချက်မှာ စစ်ဆေးမေးမြန်းခံရအံ့သော ကတိဝန်ခံချက်ပင် ဖြစ်ချေသည်။
Hashim Tin Myint
ထို့ပြင် အမှန်စင်စစ် သူတို့သည် ယခင်ကတည်းက “‌ကျောခိုင်း ထွက်မ‌ပြေးပါ“ဟု အလ္လာဟ်အရှင်မြတ်နှင့် ကတိပြုခဲ့ပြီးဖြစ်ကြသည်။* ထို့ပြင် အလ္လာဟ်အရှင်မြတ်နှင့်ပြုခဲ့‌သော ကတိဝန်ခံချက်သည် စစ်‌ဆေး‌မေးမြန်းခြင်းခံရမည့် ကတိဝန်ခံချက်ပင်ဖြစ်သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek