Quran with Burmese translation - Surah Saba’ ayat 35 - سَبإ - Page - Juz 22
﴿وَقَالُواْ نَحۡنُ أَكۡثَرُ أَمۡوَٰلٗا وَأَوۡلَٰدٗا وَمَا نَحۡنُ بِمُعَذَّبِينَ ﴾
[سَبإ: 35]
﴿وقالوا نحن أكثر أموالا وأولادا وما نحن بمعذبين﴾ [سَبإ: 35]
Ba Sein ၃၅။ ထို့အပြင်ဆိုကြပြန်သည်မှာ ငါတို့သည် သင်တို့ထက် စည်းစိမ်ဥစ္စာ၊ သားသမီးမှစ၍ သာလွန်ပေါများကြွယ်ဝ ကြ၏၊ ထို့ကြောင့်ငါတို့သည် အပြစ်ဒဏ်သင့်သူများမဟုတ်ချေ။ |
Ghazi Mohammad Hashim ထိုမှတစ်ပါး ၎င်းတို့က ကျွန်ုပ်တို့သည် ပစ္စည်းဥစ္စာအားဖြင့်လည်းကောင်း၊ သားသမီးအားဖြင့်လည်း ကောင်း၊(အသင်တို့ထက်)ပေါများကြွယ်ဝသူများဖြစ်ကြပေရာ ကျွန်ုပ်တို့သည် ပြစ်ဒဏ်ပေးခြင်းခံကြရမည့်သူများမဟုတ်ပေဟု ပြောဆိုခဲ့ကြကုန်၏။ |
Hashim Tin Myint ထို့ပြင် သူတို့က “ကျွန်ုပ်တို့သည် ပစ္စည်းဥစ္စာနှင့်သားသမီးများ (အသင်တို့ထက်)ပေါများကြွယ်ဝသည်။ ၎င်းပြင် ကျွန်ုပ်တို့သည် ပြစ်ဒဏ်ပေးခြင်းခံကြရမည့်သူများ မဟုတ်ပေ“ဟု ပြောဆိုခဲ့ကြသည်။ |