×

စင်စစ်သော်ကား ငါအရှင်မြတ်သည် မည်သည့် မြို့ရွာ၌ပင် သတိပေးနှိုးဆော်သူ တစ်ပါးပါးကို စေလွှတ်တော်မူခဲ့သည့်ဖြစ်စေ၊ ထိုမြို့ရွာရှိ (ကိုယ်ကျင့်တရားနှင့်သိက္ခာစောင့်ထိန်းခြင်းမရှိဘဲ လောကီစည်းစိမ်ချမ်းသာ နောက်လိုက်ကြသော) စည်းစိမ်ရှင်တို့က 34:34 Burmese translation

Quran infoBurmeseSurah Saba’ ⮕ (34:34) ayat 34 in Burmese

34:34 Surah Saba’ ayat 34 in Burmese (البورمية)

Quran with Burmese translation - Surah Saba’ ayat 34 - سَبإ - Page - Juz 22

﴿وَمَآ أَرۡسَلۡنَا فِي قَرۡيَةٖ مِّن نَّذِيرٍ إِلَّا قَالَ مُتۡرَفُوهَآ إِنَّا بِمَآ أُرۡسِلۡتُم بِهِۦ كَٰفِرُونَ ﴾
[سَبإ: 34]

စင်စစ်သော်ကား ငါအရှင်မြတ်သည် မည်သည့် မြို့ရွာ၌ပင် သတိပေးနှိုးဆော်သူ တစ်ပါးပါးကို စေလွှတ်တော်မူခဲ့သည့်ဖြစ်စေ၊ ထိုမြို့ရွာရှိ (ကိုယ်ကျင့်တရားနှင့်သိက္ခာစောင့်ထိန်းခြင်းမရှိဘဲ လောကီစည်းစိမ်ချမ်းသာ နောက်လိုက်ကြသော) စည်းစိမ်ရှင်တို့က ''ဧကန်ပင်၊ ကျွန်ုပ်တို့သည် သင်တို့အား သင်တို့နှင့်အတူ (လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများနှင့်ဘဝတည်ဆောက်ရေးလမ်းစဉ် ပါဝင်သည့်သာသနာဆိုင်ရာများ) စေလွှတ်တော်မူခြင်းခံရသည်ကို မယုံကြည်ဖီဆန်ငြင်းပယ်ကြပါ၏။” ဟုသာ ပြောဆိုခဲ့ကြသည်။

❮ Previous Next ❯

ترجمة: وما أرسلنا في قرية من نذير إلا قال مترفوها إنا بما أرسلتم, باللغة البورمية

﴿وما أرسلنا في قرية من نذير إلا قال مترفوها إنا بما أرسلتم﴾ [سَبإ: 34]

Ba Sein
၃၄။ ထို့အပြင်ငါအရှင်မြတ်သည် မြို့ရွာတစ်ခုခုသို့ အပြစ်ဒဏ်အကြောင်းဟောပြောသတိပေးသောတမန်တော်စေလွှတ် တော်မူသောအခါ ထိုမြို့ရွာတွင် ရှိနေသောသူဌေးသူကြွယ်စသည်တို့က အချင်းတို့၊ အကျွနု်ပ်တို့သည် သင်တို့ ယူဆောင်လာသောတရားကို မယုံကြည်ကြဟု ကြွေးကြော်ကြ၏။
Ghazi Mohammad Hashim
စင်စစ်သော်ကား ငါအရှင်မြတ်သည် မည်သည့်မြို့ရွာ၌မဆို သတိပေးနှိုးဆော်သူတစ်ပါးပါးကို စေလွှတ်တော်မူခဲ့သည့်အခါ ထိုမြို့ရွာရှိ စည်းစိမ်ရှင်တို့က ဧကန်အမှန် ကျွန်ုပ်တို့သည် အသင်တို့ပေး၍ စေလွှတ်ခြင်းခံကြရသည့်(ဒီန်သာသနာ)ကို ငြင်းပယ်သူများပင်ဖြစ်ကြသည်ဟု ပြောဆိုခဲ့ကြသည်သာ။
Hashim Tin Myint
ထို့ပြင် ငါအရှင်မြတ်သည် မည်သည့်မြို့ရွာကိုမဆို သတိ‌ပေးနှိုး‌ဆော်သူ တစ်ပါးပါး‌စေလွှတ်‌တော်မူသည့်အခါ ထိုမြို့ရွာမှ စည်းစိမ်ရှင်များက “အမှန်စင်စစ် ကျွန်ုပ်တို့သည် အသင်တို့အား‌ပေးပြီး ‌စေလွှတ်ခြင်းခံကြရသည့်အရာ (သာသနာ)ကို ငြင်းပယ်သူများပင်ဖြစ်ကြသည်“ဟု ‌ပြောဆိုခဲ့ကြသည်ချည်းပင်ဖြစ်သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek