×

(အို၊ ရစူလ်တမန်တော်၊ သူတို့အား) “ဧကန်ပင်၊ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူအား စားနပ်ရိက္ခာနှင့်အခြားလိုအပ်ချက်များကို တိုးချဲ့ဖြည့်ဆည်းတော်မူပြီး အလိုရှိတော်မူသောသူအား 34:39 Burmese translation

Quran infoBurmeseSurah Saba’ ⮕ (34:39) ayat 39 in Burmese

34:39 Surah Saba’ ayat 39 in Burmese (البورمية)

Quran with Burmese translation - Surah Saba’ ayat 39 - سَبإ - Page - Juz 22

﴿قُلۡ إِنَّ رَبِّي يَبۡسُطُ ٱلرِّزۡقَ لِمَن يَشَآءُ مِنۡ عِبَادِهِۦ وَيَقۡدِرُ لَهُۥۚ وَمَآ أَنفَقۡتُم مِّن شَيۡءٖ فَهُوَ يُخۡلِفُهُۥۖ وَهُوَ خَيۡرُ ٱلرَّٰزِقِينَ ﴾
[سَبإ: 39]

(အို၊ ရစူလ်တမန်တော်၊ သူတို့အား) “ဧကန်ပင်၊ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူအား စားနပ်ရိက္ခာနှင့်အခြားလိုအပ်ချက်များကို တိုးချဲ့ဖြည့်ဆည်းတော်မူပြီး အလိုရှိတော်မူသောသူအား အကန့်အသတ် အတိုင်းအတာဖြင့်သာ ပေးသနားတော်မူ၏။ ထို့ပြင် သင်တို့သည် မည်သည့် တစ်စုံတစ်ရာကို စွန့်လှူပေးကမ်းသည်ဖြစ်စေ၊ ထိုအရှင်မြတ်သည် ယင်း၏အစား ဆုလဒ်ကို ပေးတော်မူပေမည်။ အမှန်စင်စစ် ထိုအရှင်မြတ်သည် အကောင်းမြတ်ဆုံး ရိက္ခာအထောက်အပံ့များ ပေးအပ်တော်မူသောအရှင် ဖြစ်တော်မူ၏။

❮ Previous Next ❯

ترجمة: قل إن ربي يبسط الرزق لمن يشاء من عباده ويقدر له وما, باللغة البورمية

﴿قل إن ربي يبسط الرزق لمن يشاء من عباده ويقدر له وما﴾ [سَبإ: 39]

Ba Sein
၃၉။ အို-တမန်တော် ဟောကြားလော့၊ မှတ်သားကြလော့၊ ငါ၏အရှင်သခင်သည် မိမိကျေးတော်မျိုးကျွန်တော်မျိုး အနက် စီးပွားတိုးစေလိုတော်မူသောသူအား စီးပွားဥစ္စာတိုးတက်စေတော်မူ၏၊ စီးပွားဆုတ်ယုတ်စေလိုတော် မူသောသူအား စီးပွားဥစ္စာဆုတ်ယုတ်စေတော်မူ၏၊ ထို့အပြင်သင်တို့သည် အကြင်စည်းစိမ်ဥစ္စာကို သုစရိုက် ကောင်းမှုအတွက် သုံးစွဲအ့ံ၊ အလ္လာဟ်အရှင်မြတ်သည် ထိုဥစ္စာကို အစားထိုးပေးတော်မူ၏၊ အလ္လာဟ်အရှင်မြတ် သည် စည်းစိမ်ဥစ္စာပေးသူပေါင်းတို့၌ အထွဋ်အခေါင်ဖြစ်တော်မူ၏။
Ghazi Mohammad Hashim
(အို-နဗီတမန်တော်) အသင်သည် ပြောကြားပါဦးလေ။ (အချင်းတို့) ဧကန်မလွဲ ငါ့အားဖန်ဆင်း မွေးမြူတော်မူသောအရှင်မြတ်သည် မိမိကျွန်များအနက် မိမိအလိုရှိတော်မူသောသူအား စားနပ်ရိက္ခာကို ကျယ်ဝန်းပေါများစွာ ချီးမြှင့်ပေးသနားတော်မူ၍ (မိမိအလိုရှိတော်မူသော) သူအား (စားနပ်ရိက္ခာကို) ကျပ်တည်းစေတော်မူ၏။ ၎င်းပြင် အသင်တို့သည်မည်သည့် တစ်စုံတစ်ရာကိုမဆို (ထိုအရှင်မြတ် နှစ်လိုတော်မူရာ၌) သုံးစွဲ လှူဒါန်းခဲ့ကြလျှင် ထိုအရှင်မြတ်သည် ၎င်း၏အစားကိုပေးတော်မူပေမည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် စားနပ်ရိက္ခာချီးမြှင့်သူတို့အနက် အကောင်းဆုံးပင် ဖြစ်တော်မူပေသတည်း။
Hashim Tin Myint
(အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- အမှန်စင်စစ် ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် အရှင်မြတ်၏ကျွန်များထဲမှ အရှင်မြတ်အလိုရှိသည့်သူကို စားနပ်ရိက္ခာ ကျယ်ဝန်း‌စေ‌တော်မူပြီး (အရှင်မြတ်အလိုရှိ‌တော်မူ‌သောသူကို) ကျပ်တည်း‌စေ‌တော်မူသည်။ ထို့ပြင် အသင်တို့သည် မည်သည့်အရာကိုမဆို သုံးစွဲလှူဒါန်းခဲ့ကြလျှင် အရှင်မြတ်သည် ၎င်း၏အစားကို ‌ပေး‌တော်မူမည်ဖြစ်သည်။ ထို့ပြင် အရှင်မြတ်သည် စားနပ်ရိက္ခာ‌ပေးသနားသူများထဲတွင် အ‌ကောင်းဆုံးပင်ဖြစ်‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek