Quran with Burmese translation - Surah Saba’ ayat 50 - سَبإ - Page - Juz 22
﴿قُلۡ إِن ضَلَلۡتُ فَإِنَّمَآ أَضِلُّ عَلَىٰ نَفۡسِيۖ وَإِنِ ٱهۡتَدَيۡتُ فَبِمَا يُوحِيٓ إِلَيَّ رَبِّيٓۚ إِنَّهُۥ سَمِيعٞ قَرِيبٞ ﴾
[سَبإ: 50]
﴿قل إن ضللت فإنما أضل على نفسي وإن اهتديت فبما يوحي إلي﴾ [سَبإ: 50]
Ba Sein ၅ဝ။ တဖန်ဟောကြားလော့၊ ဟယ်-အချင်းတို့၊ ငါ့အမှားကို ပြုမိပါလျှင် ငါသည် မိမိဆုံးရှုံးဖို့ရာမှား၏၊ အကယ်၍ ငါသည် လမ်းမှန်ကို ပြသခြင်းခံရပါလျှင် ထိုအောင်မြင်ခြင်းသည် ငါ၏အရှင်သခင် ထုတ်ပြန်ချပေးသနားတော် မူသောအလင်းပြကျမ်းတော်ကြောင့်ဖြစ်၏၊ မှတ်သားကြလော့၊ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းကုန်တို့ကို အကြွင်းမဲ့ကြားတော်မူ၏၊ ကျေးတော်မျိုးကျွန်တော်မျိုးတို့နှင့် အလွန်နီးကပ်လျက်ရှိတော်မူ၏။ |
Ghazi Mohammad Hashim (အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ (အချင်းတို့၊) အကယ်၍ ငါသည် လမ်းမှားခဲ့မူ၊ ငါသည်မိမိကိုယ်နှင့်ဆန့်ကျင်၍သာ လမ်းမှားခဲ့ခြင်းဖြစ်မည်။ (ငါ၏အမှားဒဏ်ကို ငါသာခံရမည်၊) သို့ရာတွင် အကယ်၍ ငါသည်တရားလမ်းမှန် ရရှိခဲ့သည်ဖြစ်မူ ငါ့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်က ငါ့ထံသို့ ဝဟီ အမိန့်တော်ထုတ်ပြန်တော်မူသောကြောင့်ပင်ဖြစ်၏။ ဧကန်မလွဲ ထိုအရှင်မြတ်သည်အလွန်တရာကြားသိတော်မူသော၊ အလွန်တရာ နီးကပ်စွာရှိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။ |
Hashim Tin Myint (အို- တမန်တော်)အသင်ပြောလိုက်ပါ- “အကယ်၍ ငါသည် လမ်းမှားခဲ့လျှင်၊ ငါသည် င့ါကိုယ်ငါ ဆန့်ကျင်၍ပင် လမ်းမှားခဲ့ခြင်းဖြစ်မည်။ (ငါ၏အမှားကို ငါသာလျှင်ခံရမည်)။ သို့ရာတွင် အကယ်၍ ငါသည် လမ်းမှန်ခဲ့လျှင်လည်း ငါ့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်က ငါ၏ထံသို့ ဝဟီအမိန့်တော် ချပေးတော်မူခြင်းကြောင့်ပင်ဖြစ်သည်။ အမှန်စင်စစ် အရှင်မြတ်သည် အကြွင်းမဲ့ကြားသိတော်မူသော အလွန်နီးကပ်စွာရှိတော်မူသော အရှင်မြတ်ပင်ဖြစ်တော်မူသည်။“ |