Quran with Burmese translation - Surah FaTir ayat 2 - فَاطِر - Page - Juz 22
﴿مَّا يَفۡتَحِ ٱللَّهُ لِلنَّاسِ مِن رَّحۡمَةٖ فَلَا مُمۡسِكَ لَهَاۖ وَمَا يُمۡسِكۡ فَلَا مُرۡسِلَ لَهُۥ مِنۢ بَعۡدِهِۦۚ وَهُوَ ٱلۡعَزِيزُ ٱلۡحَكِيمُ ﴾
[فَاطِر: 2]
﴿ما يفتح الله للناس من رحمة فلا ممسك لها وما يمسك فلا﴾ [فَاطِر: 2]
Ba Sein ၂။ အလ္လာဟ်အရှင်မြတ်သည် လူသားတို့အတွက် မိမိ၏ကောင်းကြီးမင်္ဂလာတံခါးတော်ကို ဖွင့်ထားတော်မူလျှင် ထိုတံခါးတော်ကို ပိတ်ဆို့နိုင်သူတစ်စုံတစ်ယောက်မျှမရှိ၊ ထိုကောင်းကြီးမင်္ဂလာတံခါးတော်ကို အရှင်မြတ်ပိတ်ထား ပါလျှင် မည်သူတစ်စုံတစ်ယောက်မျှ ဖွင့်ထားခြင်းငှာမတတ်စွမ်းနိုင်ချေ၊ အလ္လာဟ်အရှင်မြတ်သည် အနန္တ တန်ခိုးတော်သခင်၊ သဗ္ဗညုတဉာာဏ်တော်ရှင်ဖြစ်တော်မူ၏။ |
Ghazi Mohammad Hashim အလ္လာဟ်အရှင်မြတ်က လူတို့အဖို့ ဖွင့်ပေးတော်မူသော ကရုဏာတော်ကို ပိတ်ပင်တားဆီးနိုင်သူဟူ၍ အလျင်းမရှိချေ။ ထိုနည်းတူစွာ ထိုအရှင်မြတ် ပိတ်ပင် တားဆီးတော်မူသောအရာကိုလည်း ထိုအရှင်မြတ်ပိတ်ပင် တားဆီးတော်မူပြီးနောက် ပို့ပေးနိုင်သောသူဟူ၍ အလျှင်းမရှိပြီ။ စင်စစ်ထိုအရှင်မြတ်သည်ပင် အလွန်တရာ လွှမ်းမိုးတော်မူသောအရှင်၊ အလွန်တရာ ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။ |
Hashim Tin Myint လူများအတွက် အလ္လာဟ်အရှင်မြတ်ဖွင့်ပေးထားတော်မူသော ရဟ်မသ် သနားကရုဏာကို ပိတ်နိုင်သူမရှိပေ။ ထို့ပြင် အရှင်မြတ်ပိတ်ထားတော်မူသော အရာကိုလည်း အရှင်မြတ်ပိတ်ထားပြီးသည့်နောက် ထိုအရာကို (ဖွင့်)လွှတ်မည့်သူ မရှိတော့ပေ။* ထို့ပြင် အရှင်မြတ်သည် တန်ခိုးတော်နှင့် အလွန်လွှမ်းမိုးတော်မူသောအရှင်၊ ပညာဉာဏ်အမြော်အမြင်နှင့် အလွန်ပြည့်စုံတော်မူသောအရှင်မြတ် ဖြစ်တော်မူသည်။ |