×

ထိုအရှင်မြတ်သည် အရှင့်ကျေးဇူးတော်များအနက်မှဖြစ်သော ထာဝရမြဲမြံမည့် အိမ်ဗိမာန်၊ နေရာဌာန၌ ကျွန်ုပ်တို့အား တရားဝင်နေရာချပေးတော်မူပြီးဖြစ်ရာ ယင်းထဲ၌ ကျွန်ုပ်အား မည်သည့် ပင်ပန်း နွမ်းလျမှုမျှလည်း 35:35 Burmese translation

Quran infoBurmeseSurah FaTir ⮕ (35:35) ayat 35 in Burmese

35:35 Surah FaTir ayat 35 in Burmese (البورمية)

Quran with Burmese translation - Surah FaTir ayat 35 - فَاطِر - Page - Juz 22

﴿ٱلَّذِيٓ أَحَلَّنَا دَارَ ٱلۡمُقَامَةِ مِن فَضۡلِهِۦ لَا يَمَسُّنَا فِيهَا نَصَبٞ وَلَا يَمَسُّنَا فِيهَا لُغُوبٞ ﴾
[فَاطِر: 35]

ထိုအရှင်မြတ်သည် အရှင့်ကျေးဇူးတော်များအနက်မှဖြစ်သော ထာဝရမြဲမြံမည့် အိမ်ဗိမာန်၊ နေရာဌာန၌ ကျွန်ုပ်တို့အား တရားဝင်နေရာချပေးတော်မူပြီးဖြစ်ရာ ယင်းထဲ၌ ကျွန်ုပ်အား မည်သည့် ပင်ပန်း နွမ်းလျမှုမျှလည်း ထိရောက်၊ သက်ရောက်စေမည် မဟုတ်သည့်အပြင် ယင်းထဲ၌ ကျွန်ုပ်တို့အား မည်သည့် ငြီးငွေ့စရာ စိတ်ကုန် စရာမျှလည်း ထိသက်ခံစားစေမည် မဟုတ်ပေ။

❮ Previous Next ❯

ترجمة: الذي أحلنا دار المقامة من فضله لا يمسنا فيها نصب ولا يمسنا, باللغة البورمية

﴿الذي أحلنا دار المقامة من فضله لا يمسنا فيها نصب ولا يمسنا﴾ [فَاطِر: 35]

Ba Sein
၃၅။ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ မဟာဂရုဏာတော်အားဖြင့် အကျွနု်ပ်တို့အား အစဉ်ထာဝရပျော်စားရမည့် နိဗ္ဗာန်ရွှေဘုံတွင်းသို့ သွတ်သွင်းချီးမြှင့်ပေးတော်မူပေ၏၊ ဤနိဗ္ဗာန်တော်တွင် အကျွန်ုပ်တို့သည် အလုပ်နှင့်သော် လည်းကောင်း၊ မောပန်းခြင်းနှင့်သော်လည်းကောင်း၊ ဝေးကွာကြပြီဟု ဥဒါန်းရင့်ကျူးကြကုန်၏။
Ghazi Mohammad Hashim
အကြင် အရှင်မြတ်သည် မိမိကျေးဇူးတော်နှင့်ကျွန်တော်မျိုးတို့အား အမြဲထာဝရ နေရအံ့သောဌာန၌နေရာချပေးတော်မူ၏။ ထိုဌာနတွင် ကျွန်တော်မျိုးတို့၌ မည်သည့်ပင်ပန်းမှုမျှလည်း သက်ရောက်မည်မဟုတ်ပေ။ ထိုမှတစ်ပါး ကျွန်တော်မျိုးတို့၌ ထိုဌာနတွင် မည်သည့်ငြီးငွေ့မှုမျှလည်းသက်ရောက်မည် မဟုတ်ပေတကား။
Hashim Tin Myint
အကြင် အရှင်မြတ်သည် အရှင်မြတ်၏‌ကျေးဇူး‌တော်နှင့် ကျွန်ုပ်တို့အား အမြဲ‌နေရမည့်ဌာနတွင် ‌နေရာချ‌ပေး‌တော်မူသည်။ ၎င်းထဲတွင် ကျွန်ုပ်တို့အား မည်သည့်ပင်ပန်းမှုမျှ သက်‌ရောက်မည်မဟုတ်‌ပေ။ ထို့ပြင် ကျွန်ုပ်တို့အား ၎င်းတွင် မည်သည့်‌မောပန်းငြီး‌ငွေ့မှုမှလည်း သက်‌ရောက်မည် မဟုတ်‌ပေ။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek