Quran with Burmese translation - Surah As-saffat ayat 56 - الصَّافَات - Page - Juz 23
﴿قَالَ تَٱللَّهِ إِن كِدتَّ لَتُرۡدِينِ ﴾
[الصَّافَات: 56]
﴿قال تالله إن كدت لتردين﴾ [الصَّافَات: 56]
Ba Sein ၅၆။ ထိုအခါနိဗ္ဗာန်သားက မိတ်ဆွေငရဲသားအား ပြောသည်မှာ မိတ်ဆွေ ငါသည် အလ္လာဟ်အရှင်မြတ်ကို တိုင်တည်၍ ပြော၏၊ သင်၏ ဖျားယောင်းသွေးဆောင်မှုကြောင့် ငါသည် ပျက်စီးဆုံးရှုံးရာသို့ ရောက်ဖို့ လက်မတင်ကလေးသာ လိုလေ၏။ |
Ghazi Mohammad Hashim (ထိုအခါ) ၎င်းသည် ထိုအဖော်အား (ဤသို့)ပြောဆိုပေမည်။ အလ္လာဟ်အရှင်မြတ်၏ "ကစမ်" ဧကန်စင်စစ် အသင်သည် ကျွန်ုပ်အား ဖျက်ဆီးလု နီးနီး ဖြစ်ခဲ့ပေသည်။ |
Hashim Tin Myint သူသည် ထိုအဖော်ကိုပြောမည်။ အလ္လာဟ်အရှင်မြတ်ကို တိုင်တည်ပြောသည်၊ အမှန်စင်စစ် အသင်သည် ကျွန်ုပ်ကို ဖျက်ဆီးမည့်ဆဲဆဲဖြစ်ခဲ့သည်။ |