Quran with Burmese translation - Surah As-saffat ayat 99 - الصَّافَات - Page - Juz 23
﴿وَقَالَ إِنِّي ذَاهِبٌ إِلَىٰ رَبِّي سَيَهۡدِينِ ﴾
[الصَّافَات: 99]
﴿وقال إني ذاهب إلى ربي سيهدين﴾ [الصَّافَات: 99]
Ba Sein ၉၉။ ထို့နောက်တမန်တော်က ၎င်းတို့အား ပြောဆိုသည်မှာ ဟယ်-အချင်းတို့၊ မှတ်သားကြလော့၊ ငါသည် သမ္မာ တရားလမ်းတော်ကို ပြတော်မူသောမိမိ၏ ကျေးဇူးတော်သခင်အထံတော်သို့ သွားနေသည်။ |
Ghazi Mohammad Hashim ထို့နောက် ထိုအီဗ်ရာဟီမ်သည် (ဤသို့)ပြောကြားခဲ့လေ၏။ ဧကန်အမှန် ငါသည် ငါ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်သို့ သွားတော့မည်။ ထိုအရှင်မြတ်သည် ငါ့အား (လိုရာပန်းတိုင်သို့) အမှန်ပင် ပို့ဆောင်တော်မူပေမည်။ |
Hashim Tin Myint ထို့နောက် ၎င်းကပြောခဲ့သည်- “အမှန်စင်စစ် ငါသည် ငါ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ထံတော်သို့ သွားတော့မည်။ အရှင်မြတ်သည် ငါ့ကို မကြာမီ လမ်းပြတော်မူလိမ့်မည်။“ |