×

(အို၊ လူသားတို့၊ သင်တို့အနက်မှ) မည်သူသည် ည၏အချိန်ပိုင်း၌ ပျပ်ဝပ်ဦးချခြင်းဖြင့်လည်းကောင်း၊ မတ်တတ်ရပ်၍ ဝတ်ပြုခြင်းဖြင့်လည်းကောင်း၊ တမလွန်ဘဝကို ကြောက်ရွံ့စိုးရိမ်၍ဖြစ်စေ၊ သူ့အား ဖွဲ့ 39:9 Burmese translation

Quran infoBurmeseSurah Az-Zumar ⮕ (39:9) ayat 9 in Burmese

39:9 Surah Az-Zumar ayat 9 in Burmese (البورمية)

Quran with Burmese translation - Surah Az-Zumar ayat 9 - الزُّمَر - Page - Juz 23

﴿أَمَّنۡ هُوَ قَٰنِتٌ ءَانَآءَ ٱلَّيۡلِ سَاجِدٗا وَقَآئِمٗا يَحۡذَرُ ٱلۡأٓخِرَةَ وَيَرۡجُواْ رَحۡمَةَ رَبِّهِۦۗ قُلۡ هَلۡ يَسۡتَوِي ٱلَّذِينَ يَعۡلَمُونَ وَٱلَّذِينَ لَا يَعۡلَمُونَۗ إِنَّمَا يَتَذَكَّرُ أُوْلُواْ ٱلۡأَلۡبَٰبِ ﴾
[الزُّمَر: 9]

(အို၊ လူသားတို့၊ သင်တို့အနက်မှ) မည်သူသည် ည၏အချိန်ပိုင်း၌ ပျပ်ဝပ်ဦးချခြင်းဖြင့်လည်းကောင်း၊ မတ်တတ်ရပ်၍ ဝတ်ပြုခြင်းဖြင့်လည်းကောင်း၊ တမလွန်ဘဝကို ကြောက်ရွံ့စိုးရိမ်၍ဖြစ်စေ၊ သူ့အား ဖွဲ့ စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၏ကရုဏာတော်ကို မျှော်ကိုး၍ဖြစ်စေ၊ စိတ်ရင်းစေတနာဖြူစင်စွာနှင့်ရိုကျိုးစွာဖြင့် နာခံလိုက်နာကြသနည်း။ (ထိုသူသည် အထက်တွင် ဖော်ပြခဲ့သော မယုံကြည်သွေဖည်ငြင်းပယ်သူနှင့်တူပါသလော)။ (အို၊ ရစူလ်တမန်တော်၊ သူတို့အား) သိနေသောသူ (ပညာရှိ) နှင့်မသိသောသူ (ပညာမဲ့) တို့သည် ထပ်တူထပ်မျှ တူညီသလော။ စူးစမ်းလေ့လာ၊ တွေးခေါ်ဆင်ခြင်၊ ချင့်ချိန် သုံးသပ်နိုင်ကြသော ပညာရှင်များသည်သာလျှင် (ပညာရှိနှင့်ပညာမဲ့ကိုလည်းကောင်း၊ အရှင်မြတ်အား နာခံအပ်နှံသူနှင့်အာခံဖီဆန်သူတို့ကိုလည်းကောင်း၊ ခွဲခြားသိမြင်နိုင်ပြီး အလေးအနက် အရေးစိုက်၍ သတိထားလျက်) အပြန်အလှန် ထုတ်ဖော်ဖွင့်ဟ ပြောဆိုကြ၏။”ဟု မေးမြန်းဟောပြောလော့။

❮ Previous Next ❯

ترجمة: أمن هو قانت آناء الليل ساجدا وقائما يحذر الآخرة ويرجو رحمة ربه, باللغة البورمية

﴿أمن هو قانت آناء الليل ساجدا وقائما يحذر الآخرة ويرجو رحمة ربه﴾ [الزُّمَر: 9]

Ba Sein
၉။ နောင်တမလွန်ဘဝ၌ ယုံကြည်၍ မိမိ၏ အရှင်သခင်အထံတော်မှ ကျေးဇူးမင်္ဂလာတော်ကို မျှော်လင့်လျက် အလ္လာဟ်အရှင်မြတ်အား ညဉ့်အချိန်နာရီများ၌ ဦးညွှတ်ချ၍သော်လည်းကောင်း၊ မတ်မတ်ရပ်၍သော်လည်း ကောင်း၊ ဆွလားသ်ဝတ်ပြုသူသည် မိစ္ဆာဒိဋ္ဌိနှင့်ထပ်တူထပ်မျှဖြစ်နိုင်သလော၊ အို-မိုဟမ္မဒ်၊ သင်သည် ၎င်းတို့အား ဟောပြောလော့၊ ဟယ်-အချင်းတို့၊ အသိဉာာဏ်ရှိသူတို့နှင့် အသိဉာာဏ်ကင်းမဲ့သူတို့တတန်းတဆင့်တည်း ဖြစ်နိုင် သလော၊ သို့သော်အသိအလိမ္မာပညာဉာာဏ်ရှိသူတို့သာ တမန်တော်ကို စောင့်ကြလိမ့်မည်။
Ghazi Mohammad Hashim
အကြင်သူသည် ညဉ့်ဦးယံများတွင် "စဂျ်ဒဟ်"ပျပ်ဝပ်ဦးချလျက်လည်းကောင်း၊ မတ်တတ်ရပ်လျက်လည်းကောင်း၊ ဝတ်ပြုလျက်ရှိကြ၏။ "အာခိရတ်" တမလွန်ဘဝကို(လည်း)ကြောက်ရွံ့စိုးရိမ်လေ၏။ မိမိအရှင်မြတ်၏ ကရုဏာတော်ကိုလည်း မျှော်လင့်၏။ (ထိုသူသည် အထက်တွင်ဖော်ပြခဲ့သော မုရှ်ရစ်က်နှင့်တူပါသလော)။ (အို-နဗီတမန်တော်၊)(အသင်ပြောကြားပါလေ။) (အချင်းတို့၊)အသိအလိမ္မာ ဉာဏ်ပညာရှိသောသူတို့နှင့် အသိအလိမ္မာ ဉာဏ်ပညာကင်းမဲ့သောသူတို့သည် တူကြပါသလော။ (စင်စစ်မှာကား) ဉာဏ်ရှင်များသာလျှင် တရားရယူကြပေ သတည်း။
Hashim Tin Myint
အကြင်သူသည် ညပိုင်းများတွင် စဂျ်ဒဟ်ဦးချလျက်၊ မတ်တတ်ရပ်လျက် ဝတ်ပြုလျက် အမိန့်နာခံသည်။ အာခိရတ် တမလွန်ဘဝကိုလည်း စိုးရိမ်သည်။ သူ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ဟ ရဟ်မသ် ကရုဏာကိုလည်း ‌မျှော်လင့်သည်။ (ထိုသူသည် အထက်က မုရှ်ရိက်နှင့်တူသ‌လော)။ (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- သိ‌သောသူနှင့် မသိ‌သောသူသည် တူကြသ‌လော။ (အမှန်စင်စစ်) ဉာဏ်ရှင်များပင် တရားရယူကြသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek