×

သူတို့သည် သူတို့အတွက် သူတို့၏အထက်က အရိပ်အာဝါသ (အမိုး) သည်လည်းကောင်း၊ သူတို့၏အောက်က အောက်ခင်းအာဝါသသည်လည်းကောင်း၊ (ငရဲ) မီးမှ ဖြစ်လိမ့်မည်။ အလ္လာဟ်အရှင်မြတ်သည် 39:16 Burmese translation

Quran infoBurmeseSurah Az-Zumar ⮕ (39:16) ayat 16 in Burmese

39:16 Surah Az-Zumar ayat 16 in Burmese (البورمية)

Quran with Burmese translation - Surah Az-Zumar ayat 16 - الزُّمَر - Page - Juz 23

﴿لَهُم مِّن فَوۡقِهِمۡ ظُلَلٞ مِّنَ ٱلنَّارِ وَمِن تَحۡتِهِمۡ ظُلَلٞۚ ذَٰلِكَ يُخَوِّفُ ٱللَّهُ بِهِۦ عِبَادَهُۥۚ يَٰعِبَادِ فَٱتَّقُونِ ﴾
[الزُّمَر: 16]

သူတို့သည် သူတို့အတွက် သူတို့၏အထက်က အရိပ်အာဝါသ (အမိုး) သည်လည်းကောင်း၊ သူတို့၏အောက်က အောက်ခင်းအာဝါသသည်လည်းကောင်း၊ (ငရဲ) မီးမှ ဖြစ်လိမ့်မည်။ အလ္လာဟ်အရှင်မြတ်သည် အရှင့်အစေခံလူသားတို့အား ယင်းဖြင့် ထိုနည်းအတိုင်းပင် စိုးရွံ့ထိတ်လန့်စေတော်မူ၏။ သို့ဖြစ်ပေရာ၊ အို၊ ထိုအရှင်မြတ်၏အစေခံလူသားအပေါင်းတို့၊ သင်တို့သည် ငါအရှင်မြတ်အား စိုးရွံ့ထိတ်လန့်၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးကြလော့။

❮ Previous Next ❯

ترجمة: لهم من فوقهم ظلل من النار ومن تحتهم ظلل ذلك يخوف الله, باللغة البورمية

﴿لهم من فوقهم ظلل من النار ومن تحتهم ظلل ذلك يخوف الله﴾ [الزُّمَر: 16]

Ba Sein
၁၆။ ထိုဆုံးရှုံးသူများတို့၏ အမိုးမှာ မီးအတိဖြစ်၏၊ သူတို့အောက်ကြမ်းပြင်မှာလည်း မီးအတိဖြစ်၏၊ ဤငရဲမီးအားဖြင့် အလ္လာဟ်အရှင်မြတ်သည် မိမိ၏ ကျေးကျွန်များကို ခြိမ်းခြောက်တော်မူ၏၊ အို-ငါအရှင်မြတ်၏ ကေ်ျးကျွန်အပေါင်း တို့၊ ထို့ကြောင့်ငါအရှင်မြတ်ကို ကြောက်ရွံ့ ကျိုးနွံကြလော့။
Ghazi Mohammad Hashim
၎င်းတို့သည် ၎င်းတို့၏အထက်တွင်လည်း မီးဖြင့်ပြီးသော အမိုးများရှိကြပေမည်။ ၎င်းတို့၏ အောက်တွင်လည်း(မီးဖြင့်ပြီးသော) အခင်းများရှိကြပေမည်။ ဤသည် အကြင်(ပြစ်ဒဏ်)ပင်၊ အလ္လာဟ်အရှင်မြတ်သည် မိမိကျွန်တို့အား ပြစ်ဒဏ်ကို ကြောက်ရွံ့စေတော်မူ၏။ သို့ဖြစ်ပေရာ အို-ငါအရှင်မြတ်၏ ကျွန်အပေါင်းတို့၊ အသင်တို့သည် ငါအရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။
Hashim Tin Myint
သူတို့အတွက် သူတို့၏အထက်၌လည်း မီးအမိုးများရှိပြီး သူတို့၏‌အောက်၌လည်း မီးအခင်းများရှိမည်။ ဤသည် အလ္လာဟ်အရှင်မြတ်က အရှင်မြတ်၏ကျွန်များအား ‌ကြောက်ရွံ့‌စေ‌တော်မူ‌သောအရာ(ပြစ်ဒဏ်)ပင် ဖြစ်သည်။ သို့ဖြစ်ရာ အို- ငါအရှင်မြတ်၏ကျွန်အ‌ပေါင်းတို့၊ အသင်တို့သည် ငါအရှင်မြတ်အား ‌ကြောက်ရွံ့ကြပါ။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek