×

(အို၊ မနုဿလူသား) ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်မှ မိုးရေကို သွန်းချ ရွာစေတော်မူ၍ ယင်းအား မြေကမ္ဘာတွင်ရှိသော မြစ်ချောင်း၊ အင်းအိုင်၊ 39:21 Burmese translation

Quran infoBurmeseSurah Az-Zumar ⮕ (39:21) ayat 21 in Burmese

39:21 Surah Az-Zumar ayat 21 in Burmese (البورمية)

Quran with Burmese translation - Surah Az-Zumar ayat 21 - الزُّمَر - Page - Juz 23

﴿أَلَمۡ تَرَ أَنَّ ٱللَّهَ أَنزَلَ مِنَ ٱلسَّمَآءِ مَآءٗ فَسَلَكَهُۥ يَنَٰبِيعَ فِي ٱلۡأَرۡضِ ثُمَّ يُخۡرِجُ بِهِۦ زَرۡعٗا مُّخۡتَلِفًا أَلۡوَٰنُهُۥ ثُمَّ يَهِيجُ فَتَرَىٰهُ مُصۡفَرّٗا ثُمَّ يَجۡعَلُهُۥ حُطَٰمًاۚ إِنَّ فِي ذَٰلِكَ لَذِكۡرَىٰ لِأُوْلِي ٱلۡأَلۡبَٰبِ ﴾
[الزُّمَر: 21]

(အို၊ မနုဿလူသား) ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်မှ မိုးရေကို သွန်းချ ရွာစေတော်မူ၍ ယင်းအား မြေကမ္ဘာတွင်ရှိသော မြစ်ချောင်း၊ အင်းအိုင်၊ ရေကြောရေကန်များထဲသို့ စီးဆင်းစိမ့်ဝင်စေတော်မူပြီးနောက် ယင်းရေဖြင့် အရောင်အဆင်း၊ အနံ့အရသာ အမျိုးမျိုး၊ အထွေထွေရှိသည့် ကောက်ပဲသီးနှံများကို ဖြစ်ထွန်း ထွက်ပေါ်စေတော်၏။ ထို့နောက် ယင်းတို့သည် တဖြည်းဖြည်း အဝါရောင်သမ်းလာသည်ကို မြင်စေလျက် ခြောက်သွေ့ညှိုးနွမ်းစေတော်မူပြီးနောက် တစ်စစီဖြစ်အောင် ပြိုလဲလျော့ပါးလွင့် ပျောက်စေတော်မူကြောင်းကို အသင်တို့ မတွေ့မြင် မဆင်ခြင် မသုံးသပ်လေသလော။ ဧကန်မလွဲ၊ ထိုသို့ဖြစ်စေတော်မူခြင်း၌ စူးစမ်းလေ့လာ တွေးခေါ်ဆင်ခြင် ချင့်ချိန်သုံးသပ်နိုင်ကြသော ပညာရှင်တို့အတွက် သတိရ တသ၍ ထုတ်ဖော် ဖွင့်ဟစရာများ အမှန်ပင် ရှိနေ၏။

❮ Previous Next ❯

ترجمة: ألم تر أن الله أنـزل من السماء ماء فسلكه ينابيع في الأرض, باللغة البورمية

﴿ألم تر أن الله أنـزل من السماء ماء فسلكه ينابيع في الأرض﴾ [الزُّمَر: 21]

Ba Sein
၂၁။ အို-တမန်တော်၊ သင်မမြင်သလော၊ အလ္လာဟ်အရှင်မြတ်သည် အထက်ကောင်းကင်မှ မိုးရေကို ရွာသွန်းစေ တော်မူ၏၊ ထိုမိုးရေကို မြေကြီးအထဲသို့ စိမ့်ဝင်စေပြီးလျှင် စိမ့်စမ်းများဖြစ်စေတော်မူ၏၊ ထို့နောက်၎င်းစိမ့်စမ်းရေ များအားဖြင့် အရောင်အမျိုးမျိုးရှိသောကောက်ပဲသီးနှံများကို သီးစေတော်မူ၏၊ ထို့နောက်၎င်းအသီးအနှံများ သည် ညှိုးနွမ်းလာ၍ အရောင်ဝါလာသည်ကို သင်မြင်ရ၏၊ ထို့နောက်၎င်းအသီးအနှံကို ဖွဲ့ဖြစ်စေတော်မူ၏၊ မှတ်သားကြလော့၊ àဤအဖြစ်အပျက်များတွင် အသိဉာာဏ်ရှိသူတို့အဖို့အရာ သတိပေးစကားသြဝါဒတစ်ပါးမုချ အမှန်ပါရှိ၏။
Ghazi Mohammad Hashim
(အို-မနုဿလူသား) အသင်သည် မမြင်ခဲ့လေသလော။ စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်မှရေကို ချပေးတော်မူခဲ့၏။ ထို့နောက် ထိုရေကို မြေ၌ရှိသောရေကြောများဝယ် ဝင်သွားစေတော်မူခဲ့၏။ ထို့နောက် ထိုအရှင်မြတ်သည် ထိုရေဖြင့် အမျိုးမျိုး အစားစားဖြစ်သော ကောက်ပဲသီးနှံကို ထွက်စေတော်မူ၏။ ထို့နောက် ယင်းကောက်ပဲသီးနှံမှာ သွေ့ခြောက်၍သွားလေသောအခါ အသင်သည် ယင်းကောက်ပဲသီးနှံများ ဝါ၍နေသည်ကို တွေ့မြင်လေ၏။ထို့နောက် ထိုအရှင်မြတ်သည် ထိုကောက်ပဲသီးနှံကို အစိတ်စိတ်အမြွာမြွာ ဖြစ်စေတော်မူ၏။ ဧကန်မလွဲ ဤသည်၌ ဉာဏ်ရှင်တို့အဖို့ အဆုံးအမသည် အမှန်ပင် ဖြစ်ပေသည်။
Hashim Tin Myint
အသင်မမြင်ခဲ့သ‌လော။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မိုး‌ကောင်းကင်မှ မိုး‌ရေကို ချ‌ပေး‌တော်မူခဲ့သည်။ ထို့‌နောက် ထို‌ရေကို ‌မြေထဲမှ ‌ရေ‌ကြောများထဲသို့ ဝင်သွား‌စေခဲ့သည်။ ထို့‌နောက် အရှင်မြတ်သည် ထို‌ရေနှင့် အ‌ရောင်အဆင်း အမျိုးမျိုး အစားစားဖြစ်‌သော ‌ကောက်ပဲသီးနှံကို ထွက်‌စေ‌တော်မူခဲ့သည်။ ထို့‌နောက် ထို‌ကောက်ပဲသီးနှံသည် ‌ခြောက်‌သွေ့သွားသည့်အခါ အသင်သည် ထိုအရာများ ဝါ‌နေသည်ကို ‌တွေ့မြင်ရသည်။ ထို့‌နောက် အရှင်မြတ်သည် ထို‌ကောက်ပဲသီးနှံများအား အစိတ်စိတ် အမြွှာမြွှာဖြစ်‌စေ‌တော်မူသည်။ အမှန်စင်စစ် ထိုအထဲတွင် ဉာဏ်ရှင်များအတွက် ဆုံးမဩဝါဒ အမှန်ပင်ရှိသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek