Quran with Burmese translation - Surah Az-Zumar ayat 20 - الزُّمَر - Page - Juz 23
﴿لَٰكِنِ ٱلَّذِينَ ٱتَّقَوۡاْ رَبَّهُمۡ لَهُمۡ غُرَفٞ مِّن فَوۡقِهَا غُرَفٞ مَّبۡنِيَّةٞ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُۖ وَعۡدَ ٱللَّهِ لَا يُخۡلِفُ ٱللَّهُ ٱلۡمِيعَادَ ﴾
[الزُّمَر: 20]
﴿لكن الذين اتقوا ربهم لهم غرف من فوقها غرف مبنية تجري من﴾ [الزُّمَر: 20]
Ba Sein ၂ဝ။ သို့သော်အကြင်သူတို့သည် မိမိ၏ အရှင်သခင်၏ ဝတ်ကို ပြေလည်အောင် ပြု၏၊ ထိုသူတို့စံမြန်းဖို့ရာ မြင့်စွင့် သောဘုံဗိမာန်များကို တဘုံပေါ်တဘုံဆင့်၍ မြင့်သည်ထက်မြင့်အောင် စီရင်ထားတော်မူ၏၊ ထိုနန်းပြဿဒ်တို့ အောက်၌ စိမ့်စမ်းရေမြောင်း၊ ချောင်းအသွယ်သွယ်တို့လည်း အယဉ်ထွေထွေစီးဆင်းလျက်ရှိ၏၊ ဤအရာများ သည် အလ္လာဟ်အရှင်မြတ်၏ ကတိသစ္စာတော်အတိုင်းဖြစ်၏၊ အရှင်မြတ်သည် မိမိထားတော်မူသောကတိသစ္စာ တော်ကို မည်သည့်အခါမှ ဖျက်တော်မမူချေ။ |
Ghazi Mohammad Hashim သို့ရာတွင် မိမိတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား ကြောက်ရွံ့သောသူတို့အဖို့မှာမူကား မြင့်စွင့်သောအဆောင်များ ရှိနေကြပေသည်။ ယင်း မြင့်စွင့်သောအဆောင်များထက်ဝယ် (အခြား) ပြုလုပ်တည်ဆောက်ထားသော မြင့်စွင့်သောအဆောင်များ ရှိကြပေသည်။ ယင်းမြင့်စွင့်သောအဆောင်များအောက်၌ ရေချောင်းများသည် စီးတွေလျက်ရှိကြပေသည်။ (ဤသည်) အလ္လာဟ်အရှင်မြတ်၏ကတိတော်ပင်၊ အလ္လာဟ်အရှင်မြတ်သည် ကတိကို ဖောက်ဖျက်တော်မူသည် မဟုတ်ပေတကား။ |
Hashim Tin Myint သို့ရာတွင် သူတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အား ကြောက်ရွံ့သည့်သူများအတွက်မှာမူ မြင့်မားသည့်အဆောင်များရှိမည်။ ထိုအပေါ်တွင် (ထပ်ပြီး)ဆောက်လုပ်ထားသော ဘုံအဆင့်ဆင့်များ*ရှိဦးမည်။ ထိုအဆောင်များအောက်တွင် ချောင်းရေများသည် စီးဆင်းနေကြမည်။ (ဤသည်) အလ္လာဟ်အရှင်မြတ်၏ကတိပင် ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် ကတိတော်ကို ဖောက်ဖျက်တော်မမူပေ။ |