Quran with Burmese translation - Surah Az-Zumar ayat 43 - الزُّمَر - Page - Juz 24
﴿أَمِ ٱتَّخَذُواْ مِن دُونِ ٱللَّهِ شُفَعَآءَۚ قُلۡ أَوَلَوۡ كَانُواْ لَا يَمۡلِكُونَ شَيۡـٔٗا وَلَا يَعۡقِلُونَ ﴾
[الزُّمَر: 43]
﴿أم اتخذوا من دون الله شفعاء قل أو لو كانوا لا يملكون﴾ [الزُّمَر: 43]
Ba Sein ၄၃။ သူတို့သည် အလ္လာဟ်အရှင်မြတ်မှတပါး အခြားဘုရားများမှားဘုရားပျက်များကို အပြစ်ဖြေရန် ယုံကြည်ကိုးစား အားထားကြသလော၊ အို-တမန်တော်၊ သင်ဟောပြောလော့၊ သူတို့၌ တစုံတရာကိုမျှ အစိုးရခြင်းလည်းမရှိ၊ အသိဉာာဏ်လည်းမရှိ၊ သို့ပါလျက် သင်တို့သည် တစုံတရာကိုမျှ ထိုဘုရားပျက်တို့ကို ကိုးစားကြသေးသလော။ |
Ghazi Mohammad Hashim ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်အပြင် သူတစ်ပါးတို့အား ကြားဝင် အသနားခံပေးသောသူများ ပြုလုပ်သတ်မှတ်ခဲ့ကြလေသလော၊ (အို-နဗီတမန်တော်)အသင်သည် ၎င်းတို့အား (အချင်းတို့) ၎င်းတို့သည် မည်သည့် တစ်စုံတစ်ရာကိုမျှ ပိုင်ဆိုင်ခြင်း မရှိကြသည့်အပြင် မည်သည့် တစ်စုံတစ်ရာကိုမျှ မသိနားမလည်ကြသော်လည်း (ကြားဝင် အသနားခံ၍ ပေးနိုင်ကြမည်လော)ဟု ပြောဆို(မေးမြန်း) ပါလေ။ |
Hashim Tin Myint သူတို့သည် အလ္လာဟ်အရှင်မြတ်မှလွဲ၍ အခြားသူများအား ကြားဝင်အသနားခံပေးမည့်သူများအဖြစ် ပြုလုပ်ခဲ့ကြသလော။ (အို- တမန်တော်)အသင်ပြောလိုက်ပါ- သူတို့သည် မည်သည့်အရာမျှ မပိုင်ဆိုင်ကြသည့်အပြင် မည်သည့်အရာမျှလည်း မသိနားမလည်ကြလျှင်လည်း (ကြားဝင်အသနားခံပေးနိုင်ကြမည်လော)။ |