Quran with Burmese translation - Surah Az-Zumar ayat 45 - الزُّمَر - Page - Juz 24
﴿وَإِذَا ذُكِرَ ٱللَّهُ وَحۡدَهُ ٱشۡمَأَزَّتۡ قُلُوبُ ٱلَّذِينَ لَا يُؤۡمِنُونَ بِٱلۡأٓخِرَةِۖ وَإِذَا ذُكِرَ ٱلَّذِينَ مِن دُونِهِۦٓ إِذَا هُمۡ يَسۡتَبۡشِرُونَ ﴾
[الزُّمَر: 45]
﴿وإذا ذكر الله وحده اشمأزت قلوب الذين لا يؤمنون بالآخرة وإذا ذكر﴾ [الزُّمَر: 45]
Ba Sein ၄၅။ အလ္လာဟ်အရှင်မြတ်၏ နာမတော်ကို ထုတ်ဖော်ပြောဆိုသောအခါ နောင်တမလွန်ဘဝကို မယုံကြည်သူတို့၏ စိတ်နှလုံးသည် ထိခိုက်ညှိုးငယ်သွား၏၊ အလ္လာဟ်အရှင်မြတ်မှတပါး သူတို့ကိုးကွယ်သောဘုရားပျက်များ အကြောင်းကို ပြောပြသောအခါ သူတို့စိတ်နှလုံးသည် ရွှင်လန်းပျော်မြူးလာ၏။ |
Ghazi Mohammad Hashim စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ် တစ်ဆူတည်းသာလျှင် အောက်မေ့တသ သတိရခြင်းကို ခံရတော်မူသောအခါ"အာခိရတ်"တမလွန်ဘဝကို သက်ဝင်ယုံကြည်ခြင်းမရှိကြသော သူတို့၏စိတ်နှလုံးများသည် စက်ဆုပ်ကြကုန်၏။ သို့ရာတွင် ထိုအရှင်မြတ်မှတစ်ပါး အခြားသူများ အောက်မေ့တသသတိရခြင်း ခံကြရသောအခါ၌မူကား ၎င်းတို့သည် ရုတ်တရက် ဝမ်းမြောက်သွားကြကုန်သတည်း။ |
Hashim Tin Myint ထို့ပြင် အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းအား သတိရတသခြင်းခံရတော်မူသည့်အခါ တမလွန်ဘဝကို မယုံကြည်သူများ၏စိတ်နှလုံးများသည် စက်ဆုပ်ကြသည်။ ထို့ပြင် အရှင်မြတ်မှလွဲ၍ အခြားအရာများအား သတိရခြင်းခံရသည့်အခါတွင်မူ သူတို့သည် ရုတ်တရက် ချက်ချင်း ဝမ်းမြောက်သွားကြသည်။ |