Quran with Burmese translation - Surah Az-Zumar ayat 46 - الزُّمَر - Page - Juz 24
﴿قُلِ ٱللَّهُمَّ فَاطِرَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ عَٰلِمَ ٱلۡغَيۡبِ وَٱلشَّهَٰدَةِ أَنتَ تَحۡكُمُ بَيۡنَ عِبَادِكَ فِي مَا كَانُواْ فِيهِ يَخۡتَلِفُونَ ﴾
[الزُّمَر: 46]
﴿قل اللهم فاطر السموات والأرض عالم الغيب والشهادة أنت تحكم بين عبادك﴾ [الزُّمَر: 46]
Ba Sein ၄၆။ အို-တမန်တော်၊ သင်သည် ဤသို့တသချီးကျူးလော့၊ အို-မိုးကောင်းကင်နှင့် ကမ္ဘာမြေပြင်ကို ဖန်ဆင်းတော်မူ သောအရှင်၊ မမြင်ရသောအရာ၊ မမြင်စွမ်းနိုင်သောအရာများကို အကြွင်းမဲ့သိတော်မူသောအရှင်၊ အလ္လာဟ် အရှင်မြတ်၊ အရှင်မြတ်သည် မိမိ၏ ကျေးတော်မျိုး ကျွန်တော်မျိုးတို့အလယ်ကြားတွင် သူတို့ငြင်းခုံကွဲပြားလေ့ ရှိသောအမှုများကို စစ်ကြောစီရင်တော်မူပါမည်။ |
Ghazi Mohammad Hashim (အို-နဗီတမန်တော်၊) အသင်သည် (ဤသို့)လျှောက်ထား ပန်ကြားပါလေ။ အို-မိုးကောင်းကင်များကိုလည်းကောင်း၊ ကမ္ဘာမြေကိုလည်းကောင်း၊ ဖန်ဆင်းတော်မူသော၊ အကွယ်၌ရှိသည်တို့ကိုလည်းကောင်း၊ ထင်ရှားသည်ကိုလည်းသိတော်မူသော အလ္လာဟ်အရှင်မြတ်သည်၊ အရှင်မြတ်သည်ပင် မိမိကျွန်တို့၏အကြားဝယ် ၎င်းတို့အချင်းချင်း သဘော ကွဲလွဲလျက်ရှိခဲ့ကြကုန်သော အရေးကိစ္စတို့နှင့်စပ်လျဉ်း၍ စီရင်ဆုံးဖြတ်တော်မူမည် ဖြစ်ပါသည်။ |
Hashim Tin Myint (အို- တမန်တော်)အသင်သည် (ဤသို့)လျှောက်ထားပါ- အို- မိုးကောင်းကင်များနှင့် မြေပထဝီအား ဖန်ဆင်းတော်မူသော၊ အကွယ်နှင့်ရှေ့တွင်ရှိသည်ကို သိတော်မူသော အလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်သည် အရှင်မြတ်၏ကျွန်များအကြားတွင် သူတို့အချင်းချင်း ကွဲလွဲနေခဲ့သည့်အရာနှင့်ပတ်သက်၍ စီရင်ဆုံးဖြတ်တော်မူမည် ဖြစ်ပါသည်။ |