×

(အို၊ ရစူလ်တမန်တော်၊ သူတို့အား) အို၊ သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အ 39:53 Burmese translation

Quran infoBurmeseSurah Az-Zumar ⮕ (39:53) ayat 53 in Burmese

39:53 Surah Az-Zumar ayat 53 in Burmese (البورمية)

Quran with Burmese translation - Surah Az-Zumar ayat 53 - الزُّمَر - Page - Juz 24

﴿۞ قُلۡ يَٰعِبَادِيَ ٱلَّذِينَ أَسۡرَفُواْ عَلَىٰٓ أَنفُسِهِمۡ لَا تَقۡنَطُواْ مِن رَّحۡمَةِ ٱللَّهِۚ إِنَّ ٱللَّهَ يَغۡفِرُ ٱلذُّنُوبَ جَمِيعًاۚ إِنَّهُۥ هُوَ ٱلۡغَفُورُ ٱلرَّحِيمُ ﴾
[الزُّمَر: 53]

(အို၊ ရစူလ်တမန်တော်၊ သူတို့အား) အို၊ သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အ တိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များကို အရှင့် စည်းမျဉ်းနှင့်ဆန့်ကျင်၍ (သူတို့၏အလိုရမ္မက်အတိုင်းအသုံးချလျက်) အလွဲသုံးစားပြုကြသော ငါအရှင်မြတ်၏ အစေခံလူသားပေါင်းတို့၊ သင်တို့သည် အလ္လာဟ်အရှင်မြတ်၏ကရုဏာတော်မှ မျှော်လင့်ချက် မကင်းမဲ့ကြလေနှင့်။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် (လူ့စွမ်းရည်မတိမ်ကောရလေအောင် စည်းမျဉ်းတော်များကို ချမှတ်ပေးတော်မူပြီး ယင်းတို့ကို မတော်တဆ ကျူးလွန်ချိုးဖောက်မိသူတို့အား) အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ် သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။” ဟု ဟောပြောလော့။

❮ Previous Next ❯

ترجمة: قل ياعبادي الذين أسرفوا على أنفسهم لا تقنطوا من رحمة الله إن, باللغة البورمية

﴿قل ياعبادي الذين أسرفوا على أنفسهم لا تقنطوا من رحمة الله إن﴾ [الزُّمَر: 53]

Ba Sein
၅၃။ အို-တမန်တော်၊ ငါ၏ ဗျာဒိတော်ကို ၎င်းတို့အား သင်ဤသို့ဟောကြားလော့၊ ဟယ်-မိမိကိုယ်ကို မိမိရက်စက်စွာ နှိပ်စက်သောငါ၏ ကျေးကျွန်အပေါင်းတို့၊ သင်တို့သည် အပြစ်လွှတ်တော်မူသောအလ္လာဟ်အရှင်မြတ်၏ ကောင်း ကြီးမင်္ဂလာတော်ကို မျှော်လင့်ကိုးစားခြင်းစိတ်ကို မလျှော့ကြနှင့်၊ မှတ်သားကြလော့၊ အရှင်မြတ်သည် အဖန် တလဲလဲအပြစ်လွှတ်တော်မူသောအရှင်၊ အနန္တကောင်းကြီးမင်္ဂလာတော်သခင်ဖြစ်တော်မူ၏။
Ghazi Mohammad Hashim
(အို-နဗီတမန်တော်) အသင်သည်(ငါအရှင်မြတ်၏ကိုယ်စား) ပြောကြားပါလေ။ အို-မိမိတို့ အပေါ်၌ အလွန်အမင်း လွန်ကျူးခဲ့ကြကုန်သော ငါအရှင်မြတ်၏ ကျွန်အပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်မှ မျှော်လင့်ချက် မကင်းမဲ့ကြကုန်လင့်။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် ပြစ်မှုအလုံးစုံတို့ကို ခွင့်လွှတ်ချမ်းသာ ပေးသနားတော်မူပေမည်။ စင်စစ်ဧကန် ထိုအရှင်မြတ်သည်ပင် အလွန်တရာ ခွင့်လွှတ်ချမ်းသာ ပေးသနားတော်မူသောအရှင် အလွန်တရာ သနားကြင်နာ ညှာတာတော်မူသောအရှင် ဖြစ်တော်မူ၏။
Hashim Tin Myint
(အို- တမန်‌တော်)အသင်သည် (ငါအရှင်မြတ်၏ကိုယ်စား)‌ပြောလိုက်ပါ- အို- မိမိကိုယ်မိမိ အလွန်အမင်း ကျူးလွန်ခဲ့ကြ‌သော ငါအရှင်မြတ်၏ကျွန်အ‌ပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ကရုဏာ‌တော်မှ ‌မျှော်လင့်ချက် မကင်းမဲ့ကြနှင့်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အပြစ်များအားလုံးကို ခွင့်လွှတ်ချမ်းသာ ‌ပေးသနား‌တော်မူမည်။ အမှန်စင်စစ် အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek