Quran with Burmese translation - Surah Az-Zumar ayat 54 - الزُّمَر - Page - Juz 24
﴿وَأَنِيبُوٓاْ إِلَىٰ رَبِّكُمۡ وَأَسۡلِمُواْ لَهُۥ مِن قَبۡلِ أَن يَأۡتِيَكُمُ ٱلۡعَذَابُ ثُمَّ لَا تُنصَرُونَ ﴾
[الزُّمَر: 54]
﴿وأنيبوا إلى ربكم وأسلموا له من قبل أن يأتيكم العذاب ثم لا﴾ [الزُّمَر: 54]
Ba Sein ၅၄။ တရားစီရင်တော်မူသောနေ့တော်ကြီး မဆိုက်ရောက်လာမီ အပြစ်ဒဏ်တော်မထိမီ သင်တို့သည် သတိနောင်တ ကောင်းစွာရလျက် အလ္လာဟ်အရှင်မြတ်ဘက်တော်သို့ မျက်နှာမူကြလော့၊ အရှင်မြတ်အား ယုံကြည်ကျိုးနွံနာခံ ကြလော့၊ ထိုနေ့တော်ကြီး၌ သင်တို့ကို ကူညီနိုင်မည်မဟုတ်ချေ။ |
Ghazi Mohammad Hashim ၎င်းပြင် အသင်တို့သည် မိမိတို့ထံ ပြစ်ဒဏ်ဆိုက်ရောက်၍မလာမီပင် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ဘက်တော်သို့ ပြန်လှည့်ခြင်းကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ အမိန့်တော်များကို လိုက်နာခြင်းကိုလည်းကောင်း၊ ပြုကြလေကုန်။ ထို (ပြစ်ဒဏ်ဆိုက်ရောက်၍လာပြီး)နောက်တွင် အသင်တို့သည် (မည်သည့်) အကူအညီ(ကိုမျှ)ရရှိကြမည် မဟုတ်ပေ။ |
Hashim Tin Myint ထို့ပြင် အသင်တို့သည် အသင်တို့ထံသို့ ပြစ်ဒဏ်ကျရောက်မလာခင် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ဘက်သို့ ပြန်လှည့်၍ အရှင်မြတ်၏အမိန့်တော်များကို လိုက်နာကြပါ။ ထို(ပြစ်ဒဏ်ကျရောက်လာပြီး)နောက်တွင်မူ အသင်တို့သည် မည်သည့်အရာမျှ ကူညီခံကြရမည် မဟုတ်ပေ။ |