×

အကယ်၍ သင်တို့သည် (အရှင့်ကျေးဇူးတော်များနှင့်စပ်လျဉ်း၍ ကျေးဇူးကန်းလျက်) မယုံကြည်သွေ ဖည်ငြင်းပယ်ကြလျှင် ဧကန်မလွဲ၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့မှ (လိုလားတောင်းတခြင်း၊ မှီခိုအား ထားခြင်း 39:7 Burmese translation

Quran infoBurmeseSurah Az-Zumar ⮕ (39:7) ayat 7 in Burmese

39:7 Surah Az-Zumar ayat 7 in Burmese (البورمية)

Quran with Burmese translation - Surah Az-Zumar ayat 7 - الزُّمَر - Page - Juz 23

﴿إِن تَكۡفُرُواْ فَإِنَّ ٱللَّهَ غَنِيٌّ عَنكُمۡۖ وَلَا يَرۡضَىٰ لِعِبَادِهِ ٱلۡكُفۡرَۖ وَإِن تَشۡكُرُواْ يَرۡضَهُ لَكُمۡۗ وَلَا تَزِرُ وَازِرَةٞ وِزۡرَ أُخۡرَىٰۚ ثُمَّ إِلَىٰ رَبِّكُم مَّرۡجِعُكُمۡ فَيُنَبِّئُكُم بِمَا كُنتُمۡ تَعۡمَلُونَۚ إِنَّهُۥ عَلِيمُۢ بِذَاتِ ٱلصُّدُورِ ﴾
[الزُّمَر: 7]

အကယ်၍ သင်တို့သည် (အရှင့်ကျေးဇူးတော်များနှင့်စပ်လျဉ်း၍ ကျေးဇူးကန်းလျက်) မယုံကြည်သွေ ဖည်ငြင်းပယ်ကြလျှင် ဧကန်မလွဲ၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့မှ (လိုလားတောင်းတခြင်း၊ မှီခိုအား ထားခြင်း လုံးဝ ကင်းရှင်းတော်မူ၍ သင်တို့၏လိုအပ်ချက်အလုံးစုံကို ဖြည့်ဆည်းပေးတော်မူသော) ကုံလုံပြည့်စုံတော်မူ သည့်အရှင်ပင် ဖြစ်တော်မူ၏။ စင်စစ် ထိုအရှင်မြတ်သည် အရှင့်အစေခံလူသားများအ တွက် (ကျေးဇူးကန်းရာ ရောက်သည့်) မယုံကြည်သွေဖည်ငြင်းပယ်မှုကို နှစ်မြို့တော်မူသည် မဟုတ်ပေ။ သို့ရာတွင် အကယ်၍ သင်တို့ သည် ကျေးဇူးသိတတ်ကြလျှင် သင်တို့အတွက် ထိုကျေးဇူးသိတတ်ခြင်းကို နှစ်သက်တော်မူ၏။ မည်သည့် (တာဝန်) ဝန်ထုပ်ကို ထမ်းဆောင်သူမျှ သူတစ်ပါး၏ (တာဝန်) ဝန်ထုပ်ကို ထမ်းဆောင်သယ်ပို့စရာ မရှိစေရ။ ထို့နောက် သင်တို့သည် သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံ သို့ပင် ပြန်လည်သွားကြရပေမည်ဖြစ်ရာ ထိုအရှင်မြတ်က သင်တို့ပြုမူကျင့်ကြံခဲ့သမျှနှင့်စပ်လျဉ်း၍ သင်တို့အား ထုတ်ဖော် ဆင့်ပြန်ပြသတော်မူမည်။ ဧကန်မလွဲ၊ ထိုအရှင်မြတ်သည် စိတ်နှလုံးမများအတွင်း၌ ရှိသမျှတို့ကို အကြွင်းမဲ့ သိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။ ဧကန်ပင်၊ ထိုအရှင်မြတ်သည် (လူသားတို့၏) စိတ်နှလုံး အတွင်း ကိန်းအောင်းလျက်ရှိသည်တို့နှင့်ပတ်သက်၍ အကြွင်းမဲ့ သိနေတော်မူသောအရှင် ဖြစ်တော်မူ၏။

❮ Previous Next ❯

ترجمة: إن تكفروا فإن الله غني عنكم ولا يرضى لعباده الكفر وإن تشكروا, باللغة البورمية

﴿إن تكفروا فإن الله غني عنكم ولا يرضى لعباده الكفر وإن تشكروا﴾ [الزُّمَر: 7]

Ba Sein
၇။ အကယ်၍ သင်တို့သည် ကျေးဇူးကန်းကြလျှင် အလ္လာဟ်အရှင်မြတ်၌ တစ်စုံတစ်ရာဆုံးရှုံးခြင်းမရှိ၊ အရှင်မြတ် သည် သင်တို့ကို မှီခိုအားထားတော်မမူချေ၊ သို့သော် အလ္လာဟ်အရှင်မြတ်သည် မိမိ၏ ကျေးကျွန်များက ကျေးဇူးကန်းကြသည်ကို နှစ်သက်တော်မမူချေ၊ သင်တို့သည် ကျေးဇူးတော်ကို ချီးကျူးလျှင် သင်တို့ကို နှစ် ခြိုက်တော်မူ၏၊ မိမိဝန်ထုပ်ဝန်ပိုးကို ထမ်းရွက်နေရသောလူသားသည် သူတပါး၏ အထုပ်အပိုးကို မထမ်းဆောင် နိုင်ချေ၊ သင်တို့သည် မိမိတို့၏ ကျေးဇူးတော်သခင်ထံ ပြန်ကြရမည့်သာတည်း၊ ထိုအခါ အရှင်မြတ်သည် သင်တို့အား သင်တို့ပြုကျင့်လေ့ရှိသောအမှုများကို ဖော်ပြတော်မူလတ့ံ၊ မှတ်သားကြလော့၊ အလ္လာဟ်အရှင်မြတ် သည် လူသားတို့၏ စိတ်နှလုံးအိမ်အတွင်းရှိသမျှကို အကြွင်းမဲ့သိတော်မူ၏။
Ghazi Mohammad Hashim
အကယ်၍ အသင်တို့သည် သွေဖည်ငြင်းပယ်ကြလျှင် ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား လိုလားတောင်းတခြင်း၊ မှီခိုအားထားခြင်း ကင်းရှင်းတော်မူသောအရှင် ဖြစ်တော်မူ၏။ စင်စစ် ထိုအရှင်မြတ်သည် မိမိကျွန်များနှင့်ပတ်သက်၍ သွေဖည်ငြင်းပယ်မှုကို နှစ်မြို့တော်မူသည် မဟုတ်ပေ။ သို့ရာတွင် အကယ်၍ အသင်တို့သည် ကျေးဇူးသိတတ်ကြလျှင် အသင်တို့နှင့်ပတ်သက်၍ ယင်းကျေးဇူးသိတတ်ခြင်းကို နှစ်သက်တော်မူ၏။ စင်စစ်သော်ကား မည်သည့် ဝန်ထမ်းတစ်ဦးတစ်ယောက်မျှပင် သူတစ်ပါး၏ဝန်ထုပ်ကို ထမ်းဆောင်မည်မဟုတ်ပေ။ ထို့နောက် အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံသို့ပင် ပြန်လည်သွားကြရပေမည်။ ထိုအခါ အရှင်မြတ်သည် အသင်တို့ ကျင့်မူလျက်ရှိခဲ့သမျှသော ကိစ္စများကို အသင်တို့အား ထုတ်ဖော် ပြသတော်မူပေမည်။ ဧကန်မလွဲ ထိုအရှင်မြတ်သည် စိတ်နှလုံးများအတွင်း၌ ရှိသမျှတို့ကို အကြွင်းမဲ့ သိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။
Hashim Tin Myint
အကယ်၍ အသင်တို့သည် ‌ကျေးဇူးကန်းငြင်းပယ်ကြလျှင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား လိုလား‌တောင့်တခြင်းကင်းပြီး ပြည့်စုံကြွယ်ဝ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ ထို့ပြင် အရှင်မြတ်သည် အရှင်မြတ်၏ကျွန်များနှင့်ပတ်သက်၍ ‌ကျေးဇူးကန်းငြင်းပယ်မှုကို နှစ်သက်‌တော်မမူ‌ပေ။ ထို့ပြင် အကယ်၍ အသင်တို့သည် ‌ကျေးဇူးသိတတ်ကြလျှင် အသင်တို့နှင့်ပတ်သက်၍ ထို‌ကျေးဇူးသိတတ်ခြင်းကို နှစ်သက်‌တော်မူသည်။ ထို့ပြင် မည်သည့်ဝန်ထုပ်ထမ်းပိုးသူတစ်ဦးကမျှ သူတစ်ပါး၏ဝန်ထုပ်ကို ထမ်းပိုးမည်မဟုတ်‌ပေ။ ထို့‌နောက် အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်သို့ပင် ပြန်သွားကြရမည်ဖြစ်သည်။ ထို့‌နောက် အရှင်မြတ်သည် အသင်တို့ ပြုလုပ်ခဲ့သမျှကို အသင်တို့အား အသိ‌ပေး‌တော်မူလိမ့်မည်။ အမှန်စင်စစ် အရှင်မြတ်သည် စိတ်နှလုံးများထဲတွင် ရှိသမျှကို အကြွင်းမဲ့သိ‌တော်မူ‌သော အရှင်မြတ်ပင်ဖြစ်‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek